ဖိလစ်ပိုင်နိုင်ငံ၏ GSP+ လျှောက်ထားချက်ကို ဥရောပပါလီမန်အတည်ပြု

Tue, 01/20/2015 - 15:03 -- admin_ygn

  ဖိလစ်ပိုင်နိုင်ငံမှ အီးယူသို့တင်ပို့မည့် အရေးပါသောကုန်စည်အများစုအားအကောက်ခွန်ကင်းလွတ်ခွင့်ဆောင်ကြဉ်းပေးနိုင်သည့် ဖိလစ်ပိုင်နိုင်ငံ၏ GSP+ လျှောက်ထားချက် အပေါ် ဥရောပပါလီမန် က ၂၀၁၄ ခုနှစ်၊  ဒီဇင်ဘာလ ၁၈ ရက်တွင် လက်ခံသဘောတူခဲ့ပါသည်။
   သို့ဖြစ်၍ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှစ၍ ဖိလစ်ပိုင်နိုင်ငံမှ အီးယူသို့ တင်ပို့မည့် ကုန်စည် ၆၂၇၄ မျိုးခန့်သည် GSP+ အစီအစဉ်အရ အကောက်ခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပါသည်။
   အီးယူ၏ GSP+ အစီအစဉ်ကြောင့် ဖိလစ်ပိုင်နိုင်ငံမှ အီးယူသို့ ပို့ကုန်တန်ဖိုးသည် ပထမနှစ်တွင် ယူရို ၆၁၁ ဒသမ ၈သန်းခန့်တိုးတက်လာနိုင်ပြီး ဖိလစ်ပိုင်နိုင်ငံ အတွင်းအလုပ်အကိုင် ပေါင်းနှစ်သိန်းခန့်ကိုလည်း ဖန်တီးပေးနိုင်မည်ဟု ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဌာနက ခန့်မှန်းထားပါသည်။ ထို့အပြင် အီးယူ၏ GSP+ အစီအစဉ်ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများသည်လည်းပိုမိုပွင့်လန်းလာမည်ဟု ဖိလစ်ပိုင်အစိုးရကမျှော်မှန်းထားပါသည်။
   ၂၀၁၃ ခုနှစ်တွင် အီးယူသည် ဖိလစ်ပိုင်နိုင်ငံ၏ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကုန်သွယ်မှုပမာဏ တန်ဖိုးစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံခန့် ရှိခဲ့ပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့

International Trade News

Pages