ပြည်ပမှလာရောက်နေထိုင်သူများအတွက် စင်ကာပူနိုင်ငံက ကမ္ဘာမှာ ကုန်ကျစရိတ်အမြင့်မားဆုံးဖြစ်

Mon, 03/14/2016 - 09:01 -- admin_ygn

      ၁၉၇၀ ပြည့်လွန်နှစ်များမှစပြီး   စင်ကာပူနိုင်ငံရဲ့ စားသုံးသူဈေးနှုန်းများ  ကျဆင်းခဲ့တာ ကာလရှည်ကြာလှ ပြီဖြစ်ပေမယ့် ပြည်ပမှလာရောက်နေထိုင်သူတွေအတွက် ကမ္ဘာမှာ ကုန်ကျစရိတ်အများဆုံးနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကို စင်ကာပူက ထိန်းသိမ်းလာခဲ့တာ သုံးနှစ်ဆက်တိုက်ရှိခဲ့ပြီ ဖြစ်ကြောင်း စထရိတ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။၂၀၁၆ ခုနှစ် ကမ္ဘာ့တစ်ဝန်း နေထိုင်စရိတ်အမြင့် မားဆုံးစစ်တမ်းကိုEconomist Intelligence Unit (EIU)  က မတ် ၁၀ ရက်က ထုတ်ပြန်ခဲ့ရာ စင်ကာပူနိုင်ငံရဲ့အဆင့် ကဇူးရစ်၊ ဟောင်ကောင်၊ ဂျနီဗာနဲ့ပဲရစ်တို့ရဲ့ရှေ့ကို ရောက်ရှိနေပြီးထိပ်ဆုံးမှာရှိနေကြောင်း စစ်တမ်းမှာဖော်ပြထားပါတယ်။ကုန်ပစ္စည်းအမျိုးအစား ၁၆၀ ရဲ့ ကုန်ကျ စရိတ် နဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးပေါင်း ၁၃၃ မြို့ကို နှိုင်းယှဉ်တွက်ချက်ရာ စင်ကာပူက ကုန်ကျစရိတ် အများ ဆုံးဖြစ်ပြီး လန်ဒန်က ဆဋ္ဌမနဲ့ နယူးယောက်က သတ္တမ နေရာမှာ ရှိပါတယ်။ထည့်သွင်းတွက်ချက်တဲ့ ကုန်ပစ္စည်း အမယ်တွေထဲမှာ အစားအစာ၊ ရေချိုးခန်းနဲ့ အဝတ်အစား မှအစပြုပြီး အိမ်ဖော်အတွက် ကုန်ကျစရိတ်အထိ ပါဝင် ပါတယ်။နေထိုင်စရိတ် အသက်သာဆုံးမြို့မှာ ဇမ်ဘီယာ နိုင်ငံမြို့တော် လူဆာကာမြို့ဖြစ်ပြီး သူ့နောက်မှာ အိန္ဒိယ နိုင်ငံ ဘင်ဂါလိုနဲ့ မွမ်ဘိုင်းတို့ဖြစ်ကြောင်း EIU က ပြောပါ တယ်။စစ်တမ်းကောက်ယူတဲ့ ရည်ရွယ်ချက်က လူသား အရင်းအမြစ်ဆိုင်ရာ(HR)မန်နေဂျာများနဲ့ ဘဏ္ဍာရေး ဆိုင်ရာမန်နေဂျာများက ပြည်ပမှ လာရောက်လုပ်ကိုင် သူများရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ခရီးသွားသူများအတွက် နေထိုင်မှုစရိတ်နဲ့ လစာမှအပအကျိုးခံစားခွင့်များ တွက်ချက်ရာမှာအထောက်အကူရစေဖို့ ဖြစ်ပါတယ်။စစ်တမ်းကောက်ယူပြီး နှိုင်းယှဉ်တွက်ချက်ရာမှာ နယူးယောက်မြို့ကို အခြေခံအဖြစ်ထားရှိကာ တွက်ချက်ခြင်း ဖြစ်ပါတယ်။ စင်ကာပူရဲ့နေထိုင်မှုစရိတ်က ယမန်နှစ်ကနဲ့နှိုင်းယှဉ်ရင်ကျဆင်းခဲ့ပေမယ့်စင်ကာပူနိုင်ငံကကုန်ကျစရိတ်အများဆုံး  နိုင်ငံအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှု၊ ငွေတန်ဖိုး ချမှုနဲ့ ရေနံစိမ်းနဲ့ ကုန်စည်ဈေးတွေ  ကျဆင်းမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ကုန်ကျစရိတ်တွေ အဆ မတန်မတည် မငြိမ်ရှိနေဆဲဖြစ်ကြောင်းလည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

 

International Trade News

Pages