ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုတွင် ဟောင်ကောင်သည် အာရှတွင် အဆင့် ၇ နေရာရှိ

Tue, 03/08/2016 - 09:14 -- admin_ygn

အပြည်ပြည်ဆိုင်ရာ   ခရီးသွား ဧည့်သည်များလာရောက်မှုတွင် အာရှ ၌ ဟောင်ကောင်သည် အဆင့်ခုနစ်ဆင့် မြောက် လူကြိုက်အများဆုံးဒေသဖြစ်ခဲ့ ကြောင်း၊သို့သော် လည်း ခရီးသွားဧည့် သည်များထံမှ ဝင်ငွေရရှိမှုတွင် ဗန်ကောက်၊  တရုတ်(တိုင်ပေ)နှင့်   စင်ကာပူတို့၏ နောက်တွင် ကျန်ခဲ့ကြောင်း၊ ဟောင် ကောင်သည်တရုတ်၏ လူကြိုက်အများ ဆုံး ခရီးသွားဧည့်သည်လာရောက်မှု ဒေသအဖြစ် ဆက်လက်ထိန်းသိမ်းထား နိုင်ကြောင်း အာရှပစိဖိတ်ဒေသများ၏ ပထမဆုံး   နှစ်စဉ်အစီရင်ခံစာတွင် ထုတ်ပြန်ခဲ့ပါသည်။ယမန်နှစ်က  ဟောင်ကောင်သို့ အပြည်ပြည်ဆိုင်ရာခရီးသည်များ ဝင် ရောက်သည့် အရေအတွက်မှာ ၈ ဒသမ ၃ သန်းရှိပြီး ဝင်ငွေ ဟောင်ကောင် ဒေါ်လာ ၅၂ ဒသမ ၁၈ ဘီလီယံရရှိခဲ့ ကြောင်းနှင့် ညအိပ်ညနေ တည်းခိုခဲ့ သည့် ခရီးသည် ၂၇ ဒသမ ၈သန်း ရှိခဲ့ ကြောင်း၊ ဟောင်ကောင်သည် ရှန်ဟိုင်း နှင့်  ပေကျင်း အညွှန်းကိန်းများထက် သာလွန်၍ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ် အကြား  ခရီးသွားဧည့်သည်ဝင်ရောက် မှု လေးသန်းရှိ၍ တရုတ်ပြည်မကြီးထက် နှစ်ဆဖြစ်ကြောင်းပြောကြား    ခ ဲ့ပါသည်။ သို့ရာတွင် ဆစ်ဒနီနှင့်တိုကျိုတို့ နှင့်ယှဉ်လျှင် ခရီးသွားများညအိပ်ညနေ တည်းခိုမှု အရေအတွက်အားဖြင့် လျော့နည်းခဲ့ကြောင်း၊   စင်ကာပူမှာ ဟောင်ကောင်၏ နှစ်ဆဖြစ်၍ တည်း ခိုမှုညပေါင်း ၅၅ သန်းကျော်ရှိခဲ့ကြောင်း၊ ဟောင်ကောင်၏Disneyland ကစား ကွင်းပန်းခြံမှာ  ၂၀၁၁ ခုနှစ်မှစ၍ သန်း ပေါင်းရာကျော်အမြတ်ရ ရှှိခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် တွင် ဟောင်ကောင်ဒေါ်လာ ၁၄၈ သန်း အရှုံးပေါ်ခဲ့ကြောင်း၊ လာ ရောက်လည်ပတ်သည့်ဦးရေမှာ တစ် နှစ်ထက်တစ် နှစ် ၉ ဒသမ ၃ ရာခိုင်နှုန်း နှင့် တန်ဖိုးအားဖြင့် ၆ ဒသမ ၈ သန်း အထိ ကျဆင်းခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် တွင်  ပိုမိုဆိုးရွားမည့် အခြေအနေရှိ ကြောင်း ပန်းခြံစီမံခန့်ခွဲသူက ပြောကြား ခဲ့ပါသည်။
ခရီးသွားလုပ်ငန်းအတွက် အသုံး စရိတ်သုံးစွဲမှုတွင် တိုင်ပေနှင့်ဖူးခက်တို့ ထက်နည်းပါး၍ အဆင့်ကိုးနေရာတွင် ရှိခဲ့ပြီး      တတိယအဆင့်ရှိသော ဗန်ကောက်မှာခရီးသွား လုပ်ငန်းအသုံး စရိတ်အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂ သန်းဘီလီယံရှိခဲ့သည်။ ခရီးသွားလုပ် ငန်းများ     ပိုမိုအောင်မြင်စေရန်နှင့် ဒေသအားဖြင့်   ယှဉ်ပြိုင်မှုစွမ်းရည်နှင့် အာရှပစိဖိတ်ရှိခရီးသွားလုပ်ငန်းအဖြစ် တိုးတက်မှု   ဆက်လက်ထိန်းသိမ်းရန် အတွက် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင် များနှင့် ခရီးသွားလုပ်ငန်းအာဏာပိုင် များအတူတကွ လက်တွဲကြိုးစားရန်လို ကြောင်းMastercard  မှ Anna Yip က ပြောကြားခဲ့ပါသည်။

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူးမြန်မာသံရုံး၊  ဟောင်ကောင်မြို့
 

 

International Trade News

Pages