ပြင်သစ်နိုင်ငံ စူပါမားကက်များနှင့် စက်သုံးဆီဆိုင်များတွင် ပုံသေဈေးနှုန်းသတ်မှတ်

Tue, 08/30/2022 - 13:03 -- admin_ygn

ပြင်သစ်နိုင်ငံရှိ  စူပါမားကက်များတွင် တချို့သောကုန် ပစ္စည်းများကို ပုံသေဈေးနှုန်း သတ်မှတ်ထားကြောင်း  သိရ သည်။ ထို့ပြင် ပြင်သစ်နိုင်ငံရှိ စက်သုံးဆီရောင်းချသည့်  ဆိုင် များတွင်လည်း လအနည်းငယ်ကြာသည်အထိ ပုံသေဈေးနှုန်း များ သတ်မှတ်ပေးထားကြောင်း သိရသည်။
ထိုကဲ့သို့ပြုလုပ်ရခြင်းမှာ ငွေကြေးဖောင်းပွမှု မြင့်တက် လာခြင်းကို  အထိုက်အလျောက်  ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။
ပြင်သစ်နိုင်ငံရှိ  လက်လီကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Carrefour သည် အခြေခံကုန်ပစ္စည်းအမျိုးအစား ၁၀ဝကျော် ၏ ဈေးနှုန်းများကို လာမည့် နိုဝင်ဘာလအထိ မပြောင်းလဲဘဲ ရောင်းချသွားမည်ဟု   သြဂုတ် ၂၄ ရက်တွင်  ကြေညာခဲ့ ကြောင်း သိရသည်။ 
အဆိုပါ   အခြေခံကုန်ပစ္စည်းများတွင်  အသင့်စား နံနက်စာ ပြောင်း၊ ကော်ဖီ၊ စည်သွပ်ထားသည့် ဟင်းသီးဟင်းရွက် သံဘူးများ၊ ဆပ်ပြာများလည်း ပါဝင်ကြောင်း သိရသည်။
Carrefourသည် ပြင်သစ်နိုင်ငံတစ်ဝန်းလုံးတွင်    စတိုး ဆိုင်ပေါင်း ၁၂၀ဝ၀ ကျော်ရှိသည်။ ဆိုင်တချို့တွင် ကုန်ပစ္စည်း များကို အချိန်ကာလတစ်ခုအထိ ပုံသေသတ်မှတ်ပေးခြင်း သည် ငွေကြေးဖောင်းပွမှုကို  တိုက်ဖျက်ရေးအတွက် စိန်ခေါ် မှု၏  တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း Carrefour မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ သို့သော် အချို့ကုန်ပစ္စည်းများအပေါ် အစိုးရ၏ အခွန်ကောက်ခံမှုတိုးမြင့်လာပါက ဈေးနှုန်းများကို အလွှဲမရှောင်သာ မြှင့်တင်ရမည်ဖြစ်ကြောင်း ဆိုသည်။
အလားတူ စူပါမားကက်တစ်ခုဖြစ်သည့် E.Leclerc  သည်လည်း ၎င်းတို့၏ အခြေခံစားသောက်ကုန် ၂၃၀ ကျော် ကို လာမည့် ဒီဇင်ဘာလအထိ ဈေးနှုန်းများ မပြောင်းလဲဘဲ ပုံသေဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။E.Leclerc  အနေဖြင့် ၂၀၂၂ ခုနှစ် မေလကပင် ၎င်းတို့ထုတ်ကုန်ပစ္စည်း အမျိုးပေါင်း ၁၂၀ ၏ ဈေးနှုန်းများကို ပုံသေသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
 Source; connexionfrance.com

International Trade News

Pages