ပင်လယ်ရေကြောင်းမှ တစ်ဆင့် Ataulfo သရက်သီးများအား ဗြိတိန် ကုမ္ပဏီတစ်ခုမှ တင်သွင်းလျက်ရှိ

Fri, 12/26/2014 - 15:18 -- admin_ygn

   ဗြိတိန်နိုင်ငံမှ ဟင်းသီးဟင်းရွက် နှင့် သစ်သီးကုမ္ပဏီတစ်ခုဖြစ်သော Pa-cific Produce (+44(0) 1865-877801၊ +44(0)7554880327၊ Email: rob@pacificproduce. co.uk၊ www.pacificproduce.co.uk) သည် မက္ကဆီကို သရက်သီးများ (Ataulfo Mangoes) အား ဗြိတိန်နိုင်ငံသို့ သာမန်လေကြောင်းဖြင့် သယ်ယူတင်သွင်းမှုအစား ပင်လယ်ရေကြောင်းမှတစ်ဆင့် သယ်ယူတင်သွင်းနေပြီဖြစ်ကြောင်း၊ တစ်ပတ်လျှင် ကွန်တိန်နာတစ်လုံးတင်သွင်းသွားမည်ဖြစ်ကြောင်း၊ Ataulfo သရက်သီးသည် အရွယ် အစားသေးငယ်၍ အလွန်ချိုကာ အနံ့မျိုးစုံရှိပြီး မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အလွန်လူကြိုက် များကြောင်း၊ လေကြောင်းဖြင့် သယ်ယူပို့ဆောင် စရိတ်ကြီးမား မှုကြောင့် အဆိုပါသရက်သီးများကို ယခင်က တင်သွင်း နိုင်ခြင်း မရှိကြောင်း၊ ယခုအခါ ရေကြောင်း သယ်ယူပို့ဆောင်မှု မြန်ဆန်လာခြင်းနှင့် သရက်သီးရင့်မှည့်မှုကို ပိုမို တွက်ချက် ထိန်းသိမ်းနိုင်လာခြင်းတို့ကြောင့် ပင်လယ်ရေကြောင်းမှတစ်ဆင့် Ataulfo သရက်သီးများအား ဗြိတိန်နိုင်ငံသို့ တင်သွင်းနိုင်ခြင်းဖြစ်ကြောင်း၊ ကုန်စည်အမယ် သစ်ဖြစ်ခြင်းကြောင့် ဝယ်လိုအား ကို မခန့်မှန်းနိုင်သေး ကြောင်း၊ Ataulfo သရက်သီးများအပြင် ပီရူးနိုင်ငံမှ Tommy သရက်သီးများနှင့် Haden သရက်သီးများကို တင်သွင်း လျက်ရှိပါကြောင်း Pacific Produce မှ Mr. Robert Cullum  ၏ ပြောကြားချက်အရသိရှိရပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့

 

International Trade News

Pages