နွားနို့ထုတ်လုပ်မှုတွင် အရည်အသွေးကို အဓိကထားရန် လိုအပ်နေ

Tue, 08/02/2022 - 06:42 -- admin_ygn

ပြည်တွင်းနွားနို့ထုတ်လုပ်မှုတွင်     အရည် အသွေးပိုင်းဆိုင်ရာ    ထိန်းချုပ်ထုတ်လုပ်မှုထက် အရေအတွက်ကိုသာဦးစားပေး ထုတ်လုပ်လာခြင်း ကြောင့်    လိုအပ်ချက်များရှိနေပြီး   နွားနို့အရည် အသွေး ကျဆင်းလာကြောင်း  ရန်ကုန်တိုင်းဒေသ ကြီးမွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှသိရသည်။
နွားနို့အတွက်   နို့စားနွားမွေးမြူသည့်အခါ၌ အရည်အသွေးထက် အရေအတွက်ကို    ဦးစားပေး လာသောကြောင့် ရေရှည်တွင် နို့စားနွား မွေးမြူမှု၊ နွားနို့ထုတ်လုပ်မှုနှင့် သောက်သုံးမှုများ   အခက် အခဲရှိလာနိုင်ကြောင်း သိရသည်။    မြန်မာနိုင်ငံတွင် ၁၉၇၈ခုနှစ်မှစတင်၍ကမ္ဘာ့ ဘဏ်အကူအညီဖြင့်  ပြင်သစ်၊ နယ်သာလန်၊ သြစ တြေးလျနိုင်ငံများမှ ဖရေရှန်၊ ဂျာစီ၊ ဂွမ်စီ၊ အေးရှား ရား၊ နော်ဝေဂျင်ရွက်အပါအဝင် နို့စားနွား ခုနစ်မျိုး ကို မွေးမြူခဲ့ပြီး အဓိကအားဖြင့်   ဖရေရှန်နှင့် ဂျာစီ နို့စားနွားကို  အများဆုံး မွေးမြူလျက်ရှိကြောင်း သိရသည်။    ဖရေရှန်နှင့် ဂျာစီနို့စားနွားနှစ်မျိုးတွင် ဖရေ ရှန်  တစ်ကောင်လျှင်   ပျမ်းမျှအားဖြင့်   နွားနို့ ၁၀ ပိဿာခန့်ထွက်ရှိသော်လည်း နွားနို့အရည်အသွေး ၃ ဒသမ ၅ ရာခိုင်နှုန်းသာပါရှိကာ    ဂျာစီမှာ  နွားနို့ ရှစ်ပိဿာခန့်  ထွက်ရှိပြီး     နွားနို့အရည်အသွေး ၅ ရာခိုင်နှုန်းအထိပါရှိကြောင်း သိရသည်။    နို့စားနွားတစ်ကောင်လျှင်  တစ်နှစ်တစ်သား ကျဖြင့် နို့ထွက်အား ကိုရက် ၃၀ဝ   သတ်မှတ်လေ့ ရှိပြီး တစ်ရက်လျှင် နွားနို့ ငါးပိဿာ၊ ခြောက်ပိဿာ မှ အမြင့်ဆုံး ၁၃ ပိဿာအထိထွက်ရှိကြောင်း သိရ သည်။ရန်ကုန်တိုင်းဒေသကြီးတွင် နို့စားနွားကောင် ရေ ၁၆၀ဝ၀ ခန့် မွေးမြူလျက်ရှိပြီး ဂျာစီနို့စားနွား၂၀ ရာခိုင်နှုန်း၊ ဖရေရှန်နို့စားနွား ၈၀ရာခိုင်နှုန်း မွေးမြူ လျက်ရှိကာ ထွက်ရှိလာသည့်နွားနို့များကို အင်းစိန် နွားနို့ဈေးကွက်နှင့်   တာမွေနွားနို့ဈေးကွက်တို့မှ တစ်ဆင့် နေ့စဉ်ဖြန့်ချိလျက်ရှိသည်။    
အဆိုပါ   နို့စားနွားမွေးမြူမှုသည်  မျိုးရိုးဗီဇ နှင့် အစာစားသုံးမှုပေါ်တွင်  မူတည်သောကြောင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်အရည်အသွေး ကောင်းရရှိရေးအတွက် သင့်တင့်မျှတသော နို့စား နွားများကို   မွေးမြူထုတ်လုပ်ရန်    လိုအပ်လာ ကြောင်း သိရသည်။    အစာကျွေးပုံခြင်းတူညီသော်လည်း နို့ထွက် အရည်အသွေး မတူခြင်းသည်   ၎င်းတို့၏မျိုးရိုးဗီဇ ကြောင့်ဖြစ်ပြီး   အရည်အသွေး   ကောင်းမွန်သော နွားနို့များ   သောက်သုံးနိုင်ရန်အတွက် မျိုးရိုးဗီဇ ကောင်းသည့်နို့စားနွားများကိုမွေးမြူထုတ်လုပ်ရန် လိုအပ်ကြောင်း သိရသည်။    နယူးဇီလန်နိုင်ငံတွင်  ဖရှေရှန်နွားနှင့် ဂျာစီ နွားကိုမျိုးစပ်၍ အီဝီမျိုးစိတ်သစ်ရရှိခဲ့ရာ နို့ထွက် အား အရည်အသွေးစွမ်းရည်ကိုမြှင့်တင်၍ နို့ထွက် ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။လက်ရှိ မြန်မာနိုင်ငံအတွင်း နို့ဈေးနှုန်းတည်ငြိမ်ရန် မှာ အစာစရိတ်ပေါ်တွင်  မူတည်နေပြီး   နို့စားနွား တစ်ကောင်တွင် အစာအတွက်    ၇၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။     အစားအစာအတွက်   မြက်ရရှိရန် သဘာဝ မြေနေရာနှင့် စိုက်ပျိုးရန် မြေနေရာများ ရန်ကုန် တိုင်းဒေသကြီးအတွင်း အခက်အခဲရှိလာနိုင်သော ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် မြက်စိုက်ပျိုးထုတ်လုပ်၍ မြက်ချဉ်ဖတ်နှင့် ပြောင်းချဉ်ဖတ်တို့ကို  တောင်သူ များ လက်ဝယ်အရောက် ဖြန့်ချိနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

International Trade News

Pages