ထိုင်းအသေးစားလုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့်ပေးရန် အဆိုပြု

Tue, 01/06/2015 - 13:54 -- admin_ygn

   ထိုင်းနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမြှင့်တင်ရေးအသင်း (Association for Promotion of Thai Small and Medium Entrepreneurs -ATSME) သည် အသေးစားလုပ်ငန်းများအား တရားဝင်အခွန်စနစ်သို့ ဝင်ရောက်လာအောင် ဆွဲဆောင်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ၎င်းတို့အတွက် အခွန်ကင်းလွတ်ခွင့်အစီအစဉ် (Tax amnesty scheme) ကို ဝန်ကြီးချုပ်ထံသို့ အဆိုပြုတင်ပြရန် စီစဉ်လျက်ရှိပါသည်။
    အဆိုပါ အစီအစဉ်သည် အခွန်ပေးဆောင်ခြင်းနှင့်စပ်လျဉ်း၍ နောက်ကြောင်းပြန်စုံစမ်းစစ်ဆေးမှုများအပေါ် စိုးရိမ်မှုများကိုလွင့်ပျောက်စေနိုင်ကြောင်း ATSME ဥက္ကဋ္ဌ Mrs.Penthip ကပြောကြားခဲ့ ပါသည်။ အဆိုပြုချက်ကို ရင်းနှီးမြှုပ်နှံမှုအဖွဲ့ (BOI)  ၏ ဒီဇင်ဘာ ၂၅ ရက်ကပြုလုပ်ခဲ့သည့်အစည်းအဝေး၌ တင်ပြခဲ့သည်။
   ATSME တွင် SME လုပ်ငန်း ပေါင်း ၂ ဒသမ ၇၉ သန်း၏ အချက် အလက်များရှိသော်လည်း ၆၀၀,၀၀၀ သာလျှင် အခွန်စနစ်တွင်ပါဝင်လျက်ရှိကြောင်းသိရှိရပါသည်။ လာ မည့်နှစ်တွင် စတင်အကျိုးသက်ရောက်မည့် စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်များ၏ တစ်စိတ်တစ်ဒေသဖြစ်သော SME လုပ်ငန်းရင်းနှီးရန်ပုံငွေ (SME venture capital fund) ဘတ် ၅၀ ဘီလီယံ နှင့်အသေးစားလုပ်ငန်းများအတွက် အခွန်လျှော့ချပေးခြင်းကို မကြာသေးခင်က အတည်ပြုပေးခဲ့ပြီးဖြစ်ပါသည်။
   SME လုပ်ငန်း ရင်းနှီးငွေရန်ပုံငွေသည် SME များအနေဖြင့် ငွေကြေး/ရင်းနှီးငွေရရှိနိုင်သည့် အခွင့်အလမ်းပိုမိုလာစေရန် ရည်ရွယ်ခြင်းဖြစ်ရာ အစိုးရအနေဖြင့် အလွန်တင်း ကျပ်သော စည်းမျဉ်းစည်းကမ်းများသတ်မှတ်သင့်ကြောင်း၊ Mrs. Penthip ကသုံးသပ်အကြံပြုခဲ့ပါသည်။ အခွန်လျှော့ချပေးသည့်အစီအစဉ်အရ SME များအနေဖြင့် နှစ်စဉ် ဝင်ငွေဘတ် ၃ သန်းရှိလျှင် လုပ်ငန်းဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းနှင့် ဝင်ငွေ ဘတ် ၃ သန်းအထက်ရှိလျှင် ၂၀ ရာခိုင်နှုန်းသာပေးဆောင်ရမည်ဖြစ်ပါသည်။
   ထိုင်းစက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နေဖြင့် ကုမ္ပဏီကြီးများအား SME လုပ်ငန်းရင်းနှီးရန်ပုံငွေအစီအစဉ်တွင် ပါဝင်လာရန် တောင်းဆိုမည်ဖြစ်ကြောင်း၊ သင့်လျော်သော သို့မဟုတ် အရည်အချင်းပြည့်မီသော SME များကို Market for Alternative Investment  အတွင်စာရင်းသွင်းမည်ဖြစ်ပါကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဘန်ကောက်မြို့

 

International Trade News

Pages