ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာနက ပြည်တွင်းထွက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန် အစီအမံ (၂၂) ခုကို ဆွေးနွေးခဲ့ခြင်း

Tue, 04/18/2023 - 03:20 -- wtodep

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ထိုင်းသစ်သီးတင်ပို့မှုကို ၁၀% မြှင့်တင်ရန် ရည်မှန်းချက်ဖြင့် ပြည်တွင်းသစ်သီးဈေးနှုန်းများကို ထိန်းသိမ်းရန်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနသည် ပို့ကုန်ထုတ်လုပ်မှု ပြည်တွင်းနှင့်နိုင်ငံတကာဈေးကွက်ရှာဖွေရေးနှင့် ဥပဒေရေးရာကိစ္စရပ်များ အပါအဝင် ကဏ္ဍပေါင်းစုံတွင် သက်ဆိုင်ရာအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ဝန်ကြီး၏ လက်ထောက်ဖြစ်သူ Ms. Sansern Samalapa မှ ဦးဆောင်ပြီး အစိုးရအေဂျင်စီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လယ်သမားများ၊ လက်လီလက်ကား ရောင်းချသူများ၊ ဓါတ်ဆီဆိုင်များ၊ လေကြောင်းလိုင်းများ၊ ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် အစည်းအဝေးတစ်ခု ကျင်းပကာ ထိုင်းပို့ကုန်များ၏ ဈေးနှုန်းတည်ငြိမ်စေရေး ကျင့်သုံးဆောင်ရွက်မည့် အစီအမံ (၂၂) ခု ဆွေးနွေးခဲ့ကြသည်။

ယခုအခါ ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးအလေ့ကျင့်ကောင်းလက်မှတ် GAP ရရှိစေရန် ကောက်ပဲသီးနှံအမျိုးအစားပေါင်း ၁၂၀,၀၀၀ အတွက် ဆောင်ရွက်နေပြီး လယ်ယာများမှ ထွက်ကုန်တန်ချိန် တစ်သိန်း ကြိုတင်ဝယ်ယူရေး စာချုပ်ချုပ်ဆိုထားကာ တန်ချိန် ကိုးသောင်းကို တစ်ကီလိုဂရမ်လျှင် ၃ ဘတ်နှုန်းဖြင့် ပို့ဆောင်ရန် ဆောင်ရွက်နေကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် လက်ဆတ်သောသစ်သီးများနှင့် ပြုပြင်လုပ်ထားသော သစ်သီးများတင်ပို့မှုကို ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့ရန် ရည်ရွယ်ထားပြီး ရည်မှန်းချက်ပမာဏ တန်ချိန် ၄.၄၄ သန်း ဖြစ်ကြောင်း pattayamail.com မှ သိရှိရပါသည်။

International Trade News

Pages