တောင်ကိုရီးယား ကုမ္ပဏီများတွင် စက်ရုပ်များကို အစားထိုးလာ

Tue, 08/30/2022 - 13:01 -- admin_ygn

တောင်ကိုရီးယားနိုင်ငံသည် စက်မှုအခြေခံ လုပ်ငန်းများကို အဓိကထားလုပ်ကိုင်သည့် နိုင်ငံ ဖြစ်ခြင်းကြောင့် အဆိုပါစက်ရုံများနှင့် ကုန်ထုတ် လုပ်မှု  လုပ်ငန်းများအတွက် လုပ်သားများစွာ လိုအပ်လျက်ရှိနေသည်။  ထိုသို့ လုပ်သားလိုအပ် ချက်များကို  ဖြည့်ဆည်းနိုင်ရေးအတွက် တောင် ကိုရီးယားနိုင်ငံအနေဖြင့် စက်ရုပ်များကို အစား ထိုး အသုံးပြုလက်ရှိကြောင်း  koreaherald.com  တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံအနေဖြင့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်သားများအပြင် ကုန်ထုတ် လုပ်ငန်းအတွက် ပြည်ပမှ လုပ်သားအများအပြား ကို  စဉ်ဆက်မပြတ်  ခေါ်ယူလျက်ရှိနေသည်။ သို့သော်  လုပ်သားရှားပါးမှုနှင့် အနိမ့်ဆုံးလုပ်ခ လစာ တိုးမြှင့်သတ်မှတ်မှုတို့ကြောင့် ထောက်ပံ့ပို့ ဆောင်ရေးနှင့် စားသောက်ဆိုင်လုပ်ငန်းများတွင် လူလုပ်သားများအစား  စက်ရုပ်လုပ်သားများကို အစားထိုးအသုံးပြုလာကြသည်။ ထို့ပြင် တောင် ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီအများစု၌လည်း စက်ရုပ် လုပ်သားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုရန် လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။
တောင်ကိုရီးယားနိုင်ငံရှိ သယ်ယူပို့ဆောင် ရေးကုမ္ပဏီကြီးများသည် အထုပ်အပိုး ကိုင်တွယ် ရာတွင် ပိုမိုချောမွေ့အဆင်ပြေစေရန် သယ်ယူပို့ ဆောင်ရေးစက်ရုပ်များကို အသုံးပြုလာကြသည်။ အလားတူ အစားအသောက်ပို့ဆောင်ရေးအတွက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီကြီးများနှင့် စတိုး ဆိုင်တို့တွင်လည်း  ဝယ်ယူသုံးစွဲသူများ၏ ပစ္စည်း များကို  အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်ရန် အလိုအလျောက် စက်ရုပ်များကို  စတင်စမ်းသပ် အသုံးပြုနေပြီဖြစ်ကြောင်း   koreaherald.com  ၏ ဖော်ပြချက်အရ သိရသည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အနီး ဂွန်ပို မြို့ရှိ  အွန်လိုင်းလက်လီရောင်းချသူများကိုယ်စား  ထုပ်ပိုးခြင်းနှင့် ပို့ဆောင်ခြင်း စသည့် ဝန်ဆောင်မှု များကို လုပ်ဆောင်ပေးနေသည့်CJ Logistics  ၏ ဂိုဒေါင်တွင် သယ်ယူပို့ဆောင်ရေး စက်ရုပ်များကို အသုံးပြုလျက်ရှိကြောင်း သိရသည်။
အဆိုပါ CJ Logistics  ဂိုဒေါင်၏ ဒုတိယ ထပ်တွင် အမြင့် ၂၇၈ စင်တီမီတာရှိ ဂိုဒေါင်စင် ပေါင်း ၆၃၀ ရှိသည်။  ယင်းဂိုဒေါင်စင်ပေါ်ရှိ ကုန် ပစ္စည်းများကို စက်ရုပ် ၁၀၁ ခုက ရွှေ့ပြောင်းပေး နေသည်။ 
တောင်ကိုရီးယားနိုင်ငံ၏ စားသောက်ဆိုင် ကြီးများတွင် လွန်ခဲ့သော သုံးနှစ်ခန့်ကပင် စက်ရုပ် စားပွဲထိုးများကို စတင်မိတ်ဆက်ခဲ့ပြီး ယခုအချိန် တွင် စက်ရုပ်စားဖိုးမှူးများကိုလည်း အသုံးပြုလာ ကြပြီ ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံရှိ   ကုမ္ပဏီတစ်ခု သည် အများပြည်သူပိုင် လမ်းများပေါ်တွင် ကုန် ပစ္စည်းများ  ပို့ဆောင်ပေးသည့် စက်ရုပ်များကို စတင် စမ်းသပ်အသုံးပြုနေပြီဖြစ်ကြောင်း သိရ သည်။ အဆိုပါစမ်းသပ်မှုကို စားသောက်ကုန်ပေး ပို့သော အက်ပ်၏ အော်ပရေတာဖြစ်သည့်  ဝူးဝါ ဘရားသားစ်က တီထွင်ထားသည့် ဒေးလီးဒရိုက် ဟု အမည်ပေးထားသည့် သေးငယ်သော ပို့ဆောင် ရေးစက်ရုပ်ကို အသုံးပြုကာ စတင်ခဲ့ခြင်းဖြစ်သည်။
ဝူးဝါဘရားသားစ်သည် စားသုံးသူများထံမှ အမှာစာများကို လက်ခံပြီး ဒေးလီးဒရိုက်စက်ရုပ် ကို  စားသောက်ဆိုင်တစ်ခုသို့  ပို့ဆောင်မည်ဖြစ် သည်။ စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးက မှာယူ ထားသည့် ဟင်းပွဲကို ၎င်းစက်ရုပ်ပေါ်သို့ ထုတ်ပိုး ပေးလိုက်သောအခါ စက်ရုပ်သည် ထိုဟင်းပွဲကို တင်ဆောင်ကာ စားသုံးသူထံသို့  လုံခြုံချော်မွေ့စွာ ဖြင့် အရောက်ပို့ဆောင်ပေးမည်လည်းဖြစ်သည်။ 
Source; koreaherald.com
 

International Trade News

Pages