တောင်ကိုရီးယားနိုင်ငံ၏ ICT ပို့ကုန်တင်ပို့မှု အဆိုးရွားဆုံးကျဆင်း

Tue, 03/15/2016 - 09:08 -- admin_ygn

 တောင်ကိုရီးယားနိုင်ငံ၏ ICT  ပို့ကုန်များသည် ၂၀၁၁ ခုနှစ်မှစတင်၍ အဆိုးရွားဆုံးကျဆင်းခဲ့ရာ တောင်ကို ရီးယားနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး များကျဆင်းခဲ့ပြီးနောက် သတင်း အချက်အလက်နှင့် နည်းပညာဆိုင်ရာ ပစ္စည်းများ တင်ပို့မှုသည်လည်း ခြောက်နှစ်တာကာလအတွင်း အဆိုး ရွားဆုံးကျဆင်းသည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ ကုန်သွယ်ရေး၊ စက်မှု နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စာရင်း ဇယားများအရ တောင်ကိုရီးယား၏ICT ပစ္စည်းများတင်ပို့မှုသည် ပြီးခဲ့ သည့် ဇန်နဝါရီလတွင် များစွာကျဆင်း ခဲ့ပြီး ကျဆင်းရသည့် အကြောင်းမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့်မိုဘိုင်းလ်ဖုန်းများရောင်းအားကျဆင်း လာခြင်းကြောင့် ဖြစ်သည်။ယခုကဲ့သို့ ကျဆင်းမှုသည် ၂၀၀၁ ခုနှစ် ဇန်နဝါရီမှ ယခုအချိန် အထိကာလအတွင်း အဆိုးရွားဆုံး ကျဆင်းခဲ့ခြင်းဖြစ်ပြီး၊ICTထုတ်ကုန် များသာမက ပို့ကုန်အားလုံးကျဆင်းခဲ့ ခြင်းဖြစ်သည်။ စမတ်ဖုန်း၊ကွန်ပျူတာအစိတ်အပိုင်းများ စသည်ICTထုတ် ကုန်များသည် နိုင်ငံ၏ စုစုပေါင်း ပို့ကုန် တန်ဖိုး၏ ၃၈ ရာခိုင်နှုန်းရှိပြီး၊ နိုင်ငံ၏ ကုန်သွယ်မှုပိုငွေပြမှု ၉၀ ရာခိုင်နှုန်းကို လည်း နေရာယူထားခြင်း ဖြစ်သည်။ ယမန်နှစ်က အခြားသောICT ထုတ် ကုန်များရောင်းအားကျဆင်းခဲ့သော် လည်း မိုဘိုင်းလ်ဖုန်းများသည် ၎င်းင်း၏ တိုးတက်နေသည့်ရောင်းအားကို ဆက် လက်ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် လည်း ယခုအခါ ပြည်တွင်းထုတ် စမတ် ဖုန်းများသာမက ကိုရီးယားနိုင်ငံထုတ် အစိတ်အပိုင်းများအသုံးပြု၍ ပြည်ပ တွင် ထုတ်လုပ်သည့် စမတ်ဖုန်းများ၏ ရောင်းအားပါ ကျဆင်းခဲ့သည်။အဓိကအကြောင်းအရင်းမှာ စမတ်ဖုန်းဝယ်လိုအားကျဆင်းလာခြင်း ကြောင့်သာမက ဈေးနှုန်းသက်သာ သည့် တရုတ်နိုင်ငံထုတHuaweiကဲ့သို့ သော စမတ်ဖုန်းများ၏ ဈေးကွက် အတွင်း ပြင်းထန်သည့် ပြိုင်ဆိုင်မှုများ ကြောင့်ဖြစ်သည်။ တရုတ်၊ အမေရိကန် တို့မှ ဝယ်လိုအားများ ကျဆင်းခဲ့မှု ကြောင့် စမတ်ဖုန်းအစိတ်အပိုင်းများ တင်ပို့မှုသည်လည်း ယမန်နှစ်ထက် ၄ ဒသမ ၆ ရာခိုင်နှုန်းသို့ကျဆင်းခဲ့ပြီး၊ ပြည်တွင်းထုတ်လုပ်မှုကိုလည်း နှေး ကွေးစေခဲ့သည်။ ဈေးကွက်သုတေသန အဖွဲ့တစ်ဖွဲ့၏ သုံးသပ်ချက်အရ ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်သည် ယခုနှစ် အတွင်းကျဆင်းလိမ့်မည်ဟုလည်း ခန့်မှန်းကြသည်။ကိုရီးယားကုန်သွယ်ရေးနှင့် ရင်း နှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ၏ အစီ ရင်ခံစာများအရ ကိုရီးယားနိုင်ငံ၏ ICT ထုတ်ကုန်များ ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင Hardware  ပစ္စည်းများပေါ်တွင်သာ အလေးထား ခြင်းထက်Software  များ တင်ပို့နိုင်ရေး ကို ချဲ့ထွင်ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်ကို တွေ့ရှိရသည်။

ခင်မျိုးသော်၊ စီးပွားရေးသံမှူး  မြန်မာသံရုံး၊ ဆိုးလ်မြို့

 

International Trade News

Pages