တောင်ကိုရီးယားနိုင်ငံအိမ်ခြံမြေဈေးကွက် ရှစ်နှစ်တာကာလအတွင်းအမြင့်ဆုံးဖြစ်

Mon, 01/19/2015 - 12:59 -- admin_ygn

   ကိုရီးယားအစိုးရ၏ အိမ်ခြံမြေ ဈေးကွက်အား ပြန်လည်အသက်ဝင်စေရန် ကြံဆောင်မှုသည် အသီးအပွင့်များခံစားလာရပြီဖြစ်သည်။ ကိုရီးယားနိုင်ငံအတွင်း ယမန်နှစ်က အိမ် ခြံမြေ အရောင်းစံချိန်သည် ရှစ်နှစ်တာကာလ အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။ ၂၀၀၆ ခုနှစ်ကသာ အိမ်ခြံမြေအရောင်းအတွက် အိမ်ခြံမြေအရောင်းအဝယ်ဖြစ်မှုသည် တစ်သန်း ရှိခဲ့ပြီး၊ ၂၀၁၄ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ကိုရီးယားမြေယာ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
   ဆိုးလ်မြို့တွင်း အရောင်းသည် ၂၀၁၃ ခုနှစ်ကထက် ၂၃ ဒသမ ၅ ရာခိုင်နှုန်း တက်လာပြီး၊ အိမ်ခြံမြေရောင်းချဝယ်ယူခြင်းအတွက် ငွေလွှဲမှု အကြိမ်ပေါင်း ၁၄၈,၀၀၀ ကြိမ်ရှိခဲ့ ပြီး၊ ကျေးလက်ဒေသတွင် ၁၁ ဒသမ ၁ ရာခိုင်နှုန်းတက်ခဲ့သည်။ ယင်းအကျိုးရလဒ်များမှာ အစိုးရ၏အိမ်ရာချေးငွေများအပေါ် စည်းမျဉ်းစည်းကမ်းများ လျှော့ချပေးခဲ့ခြင်းသည် အဓိက အချက် ဖြစ်ပြီး၊ အခြားအိမ်ရာဈေးကွက်အတွင်း စည်းမျဉ်းများလျှော့ချပေးခဲ့မှုများလည်းရှိခဲ့သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages