တောင်ကိုရီးယားစီးပွားရေးဖွံ့ဖြိုးမှုနှုန်း နှေးကွေးလာ

Thu, 03/17/2016 - 08:18 -- admin_ygn

     ကမ္ဘာ့ဝယ်လိုအား ကျဆင်းခြင်းနဲ့ အတူအဓိကအားဖြင့် တောင်ကိုရီးယား ရဲ့ပို့ကုန်လုပ်ငန်းများကျဆင်းမှုနဲ့ ပြည်တွင်းစားသုံးမှုကျဆင်းခြင်းတို့ ကြောင့်  တောင်ကိုရီးယားစီးပွားရေးနှေးကွေးကျဆင်းရတယ်လို့ နိုင်ငံတော် အကြံပေးအဖွဲ့ (State-run Think Tank)က မတ် ၇ ရက်ကပြော ကြောင်းယွန်းဟပ်သတင်းမှာဖော်ပြပါတယ်။''တောင်ကိုရီးယားနိုင်ငံရဲ့ အဓိကစီးပွားရေးညွှန်းကိန်းတွေကဆက်လက်ကျဆင်းလျက်ရှိတာကို တွေ့ရပြီး စီးပွားရေး ဖွံ့ဖြိုးမှုမှာလည်း တစတစ ကျဆင်းနေတာကိုအချက်ပြသတိ ပေးလျက်ရှိနေပါတယ်''လို့ကိုရီးယားဖွံ့ဖြိုးရေးသိပ္ပံ(Korea Development Institute)ကထုတ်ေ၀ တဲ့တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေလစဉ်သုံးသပ် ချက်အစ ီရင်ခံစာမှာဖော်ပြထားပါတယ်။ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးမှုကြောင့်ပို့ကုန်လုပ်ငန်းများကဆက်တိုက်ကျဆင်းနေကြောင်းနဲ့အဲဒီလိုကျဆင်းတဲ့အကျိုးဆက်ကြောင့် သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ သင်္ဘောတင ်ပို့မှုလုပ်ငန်းတွေ ဆက်လက်ကျဆင်းခဲ့ရကြောင်း KDI က ဆက်လက်တင်ပြထားပါတယ်။အာရှဒေသမှာစတုတ္ထအကြီး မားဆုံးဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ဖေဖော်ဝါရီပြည်ပပို့ကုန်က နှစ်အလိုက် နှိုင်းယှဉ်ရင်၁၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၄ လမြောက်အဖြစ် ဆက်တိုက်ကျဆင်းခဲ့ရာတိုင်းပြည်၏ ကုန်သွယ်မှုသမိုင်းအရှည်ကြာဆုံး ကျဆင်းမှုဖြစ်ခဲ့ပါတယ်။ပို့ကုန်လုပ်ငန်းနဲ့ တိုက်ရိုက်ဆက်သွယ်နေတဲ့ စက်မှုလုပ်ငန်းထုတ်လုပ်မှုက ဇန်န ဝါရီမှာလအလိုက်နှိုင်းယှဉ်ရင် ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ ပါတယ်။   အဓိကအားဖြင့်မော်တော် ကားထုတ်လုပ်ရေးနဲ့သတင်းအချက် အလက်နည်းပညာလုပ်ငန်းရဲ့ထုတ်လုပ်မှုကျဆင်းတဲ့အတွက်ယခုလို ကျဆင်း ရတာဖြစ်ပါတယ်။ ကုန်လက် ကျန်နဲ့တင်ပို့မှုအချိုးမှာ  ဒီဇင်ဘာက ၁၂၀ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဇန်နဝါရီမှာ ၁၂၈ ဒသမ ၄ ရာခိုင်နှုန်း ရှိပါတယ်။

 

International Trade News

Pages