တရုတ်နိုင်ငံ ချုံချင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ကုန်စည်ပို့ဆောင်ရေး ချိတ်ဆက်မှုလမ်းကြောင်းအသစ်တစ်ခု စတင်

Fri, 06/10/2022 - 08:06 -- admin_ygn

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ  ချုံချင်းမြို့မှကွန်တိန်နာ အလုံး ၆၀ တင်ဆောင်ထားသောကုန်စည်ပို့ဆောင်ရေး ရထားအသစ်တစ်စင်းကို  မေ၂၃ ရက်က စတင်ပြေးဆွဲခဲ့ပြီး တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို လမ်းကြောင်းအသစ်မှ မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးရန်ဖြစ်သည်။   စက်ပစ္စည်းများ၊ အီလက် ထရွန်နစ် ဆက်စပ်ပစ္စည်းများနှင့် အခြားအရာများပါဝင်သော  ကုန်စည်များသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အနောက်တောင်ဘက်လင်ချန်းမြို့သို့ ဦးစွာရောက်ရှိပြီးယင်းမှတစ်ဆင့် မြန်မာနိုင်ငံမြောက်ဘက် မန္တလေးမြို့သို့ ကုန်းလမ်းဖြင့်ပို့ဆောင်မည်ဖြစ်သည်။ယင်းသည် new Sino-Burme seroute (Chongqing-Lingchang-Myanmar)တရုတ်-မြန်မာလမ်းကြောင်း(ချုံချင်း-လင်ချန်း-မြန်မာ)လမ်းကြောင်းကို  ကိုယ်စား ပြုသော အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်လမ်းကုန်သွယ်ရေးစင်္ကြံသစ် မူဘောင်New International land Sea Trade Corridor ILSTC Framework မှအောက်ရှိ ကုန်သွယ် ရေးနှင့်ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ကြောင်းယင်းကို တရုတ်နိုင်ငံ အနောက်ဘက်ဒေသများနှင့် စင်ကာပူနိုင်ငံတို့မှ ပူးတွဲတည်ဆောက် ခြင်းဖြစ်ကြောင်း သိရှိရသည်။အဆိုပါ ချုံချင်း-မန္တလေးကုန်စည်ပို့ဆောင်ရေးကိုအသုံးပြုခြင်းအားဖြင့်ကုန်စည်ပို့ဆောင်ချိန် ရက်ပေါင်း ၂၀လျှော့ချနိုင်မည်ဖြစ်ပြီး ပို့ ဆောင် နေကျလမ်းကြောင်းနှင့်နှိုင်းယှဉ်ပါကကုန်ကျစရိတ်၂၀ ရာခိုင်နှုန်းလျှော့ချနိုင်မည်ဖြစ်ကြောင်း ကုန်စည်များ ၁၅ ရက်အတွင်းမန္တလေးသို့ရောက်ရှိရန်မျှော်လင့်ထားကြောင်းနှင့် ယင်းမှတစ်ဆင့် တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဒေါက်တာဝေရီလင်း(စီးပွားရေးသံမှူး)၊ မြန်မာသံရုံး၊ ပေကျင်း။

 

International Trade News

Pages