တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းနေသော်လည်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မြင့်တက်ခဲ့

Mon, 03/14/2016 - 08:11 -- admin_ygn

      တရုတ်နိုင်ငံ၏ စီးပွားရေးကျ ဆင်းနေသော်လည်း ဇန်နဝါရီတွင်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ တိုးတက်ခဲ့ကြောင်း၊FDI (ဘဏ္ဍာရေး ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုမပါဝင်) မှာနှစ် စဉ် ၃ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်နေကြောင်း၊ ဝန်ဆောင်မှုကဏ္ဍသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၆၇ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အဆင့်မြင့်နည်းပညာလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်အလားတူကာလထက် နှစ်ဆတိုးတက်ခဲ့ပြီး ယွမ် ၇ ဒသမ ၂ ဘီလီယံအထိတိုးတက် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။အဓိကလာရောက် ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများအနက် အမေရိကန်ပြည်ထောင်စုမှ ၄၆၃ ဒသမ ၆ ရာခိုင် နှုန်း၊ အီးယူနိုင်ငံများမှ ၃၀ ဒသမ ၉ ရာခို င်နှုန်းနှင့်ဂျပန်နိုင်ငံမှ ၂၂ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးတိုး တက်ခဲ့ပါ သည်။ တရုတ်စီးပွားရေးမှာ ၂၀၁၅ ခုနှစ်၌ ၆ ဒသမ ၉ ရာခိုင်နှုန်းသာ တိုး တက်ခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။
သန္တာခိုင် ၊ စီးပွားရေးသံမှူး  မြန်မာသံရုံး၊ ပေကျင်းမြို့

 

International Trade News

Pages