တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းနေသော်လည်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တက်ခဲ့

Tue, 03/15/2016 - 09:08 -- admin_ygn

တရုတ်နိုင်ငံ၏ စီးပွားရေးကျ ဆင်းနေသော်လည်း ဇန်နဝါရီတွင်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ တိုးတက်ခဲ့ကြောင်း၊FDI (ဘဏ္ဍာရေး ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုမပါဝင်) မှာနှစ် စဉ် ၃ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်နေ ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၆၇ ဒသမ ၆  ရာခိုင်နှုန်းရှိပြီး အဆင့်မြင့်နည်းပညာ လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ် အလားတူကာလထက် နှစ်ဆတိုးတက် ခဲ့ပြီး ယွမ် ၇ ဒသမ ၂ ဘီလီယံအထိ တိုး တက်ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားပါသည်။အဓိကလာရောက် ရင်းနှီးမြှုပ်နှံ သည့်နိုင်ငံများအနက် အမေရိကန် ပြည်ထောင်စုမှ ၄၆၃ ဒသမ ၆ ရာခိုင် နှုန်း၊ အီးယူနိုင်ငံများမှ ၃၀ ဒသမ ၉ ရာခိုင်နှုန်းနှင့်ဂျပန်နိုင်ငံမှ ၂၂ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးတိုး တက်ခဲ့ပါ သည်။ တရုတ်စီးပွားရေးမှာ ၂၀၁၅ ခုနှစ်၌ ၆ ဒသမ ၉ ရာခိုင်နှုန်းသာ တိုး တက်ခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

သန္တာခိုင် ၊ စီးပွားရေးသံမှူး  မြန်မာသံရုံး၊ ပေကျင်းမြို့

International Trade News

Pages