တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုကို ၅% ခန့်တိုးတက်ရန် မျှော်မှန်းထား

Tue, 03/12/2024 - 03:56 -- wtodep

ယခုသီတင်းပတ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွက် နှစ်စဉ်တိုးတက်မှုနှုန်းကို ၅% ခန့် သတ်မှတ်မည်ဟု မျှော်မှန်းကြောင်း၊ ယင်းသည် ပြင်းထန်သော စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် အစိုးရအတွက် အလွန်မြင့်မားသည့် ရည်မှန်းချက် တစ်ခုဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားပါသည်။

လာမည့်ပြည်သူ့ညီလာခံနှစ်ပတ်လည် အစည်းအဝေးနှင့်ပတ်သက်၍ စီးပွားရေးပညာရှင် ၂၇ ဦးကို Bloomberg က စစ်တမ်း ကောက်ယူထားရာ အားလုံးနီးပါးက ပေကျင်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ရည်မှန်းချက်အတိုင်းချမှတ်မည်ဟုမျှော်လင့်ရပြီး ယခုအကြိမ်သည် ရည်မှန်းချက်ပြည့်မီရန် ပိုမိုခက်ခဲမည်ဖြစ်ကြောင်း၊ စီးပွားရေးပညာရှင်များ၏ သီးခြားစစ်တမ်းတွင်မူ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၄.၆% ခန့် တိုးတက်လာမည်ဟု မျှော်မှန်းထားကြပါသည်။

ဝန်ကြီးချုပ်လီချန်က ပြည်တွင်းအသားတင် ထုတ်လုပ်မှုတိုးတက်ရေးနှင့် ဘဏ္ဍာရေးလိုငွေပြမှုအပါအဝင် အဓိကကျသော စီးပွားရေး မျှော်မှန်းချက်များ ဖော်ပြထားသည့် ၎င်း၏ ပထမဆုံးအစိုးရ အစီရင်ခံစာကို အင်္ဂါနေ့တွင် ထုတ်ပြန်ရန်ရှိပြီး အဆိုပါ မျှော်မှန်းချက်များသည် ယုံကြည်မှုလျော့ကျနေသော ပေကျင်း၏ တစ်နှစ်အတွင်းဆောင်ရွက်ရမည့် မူဝါဒများ၏ ရှေ့ပြေးအစီအစဉ်လည်း ဖြစ်လာနိုင်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် အကျိုးအမြတ်များ ရရှိခဲ့သော်လည်း စွန့်စားရမှုများ ပိုမိုတွေ့ကြုံရသောကြောင့် ယခုနှစ်တွင် အထောက်အပံ့များကို မမှီခိုလိုကြောင်းနှင့် ၂၀၂၃ ခုနှစ်၏ တိုးတက်မှုနှင့်နှိုင်းယှဉ်ပါက ယခုနှစ်သည် ပိုမိုပြင်းထန်မည်ဖြစ်ကြောင်း ထိပ်တန်းတာဝန်ရှိသူများက အရိပ်အမြွက် ပြသခဲ့သည်။

“ မတ်လတွင် ကျင်းပပြုလုပ်မည့် ပြည်သူ့ညီလာခံနှစ်ခုမှ စီးပွားရေးပြန်လည်နလန်ထူစေရေး အဓိကကျသော မူဝါဒချမှတ်ရန် မျှော်လင့်နေကြပြီး မူဝါဒချမှတ်သူများ၏ မြင့်မားသော ရည်မှန်းချက်များသည် စွမ်းဆောင်ရည်ပိုလျှံမှုနှင့် အိမ်ခြံမြေဈေးကွက် ကျဆင်းမှုတို့အကြား အောင်မြင်မည်မဟုတ်ကြောင်း ” ကို မလေးရှားအခြေစိုက် Maybank မှ စီးပွားရေးပညာရှင် Erica Tay က စစ်တမ်းတစ်ခု ၌ ပြောကြားခဲ့ပါသည်။

Bloomberg စစ်တမ်းအရ တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း ငွေချေးစာချုပ်သစ် ၂၀%ကျော် တိုး မြင့်ရောင်းချခဲ့မှုကြောင့် ဂျီဒီပီ၏ ၃.၂၈ % သည် ဘဏ္ဍာရေးလိုငွေပြနိုင်ကြောင်း၊ ပြည်နယ်အစိုးရ ၏ ငွေချေးစာချုပ်များ ရောင်းချမှုပမာဏသည် ပြောင်းလဲမှုမရှိဘဲ ယွမ် ၄ ထရီလီယံ (အမေရိကန် ဒေါ်လာ ၅၅၆ ဘီလီယံ) ရှိကြောင်းနှင့် မြို့ပြရှိ အလုပ်လက်မဲ့နှုန်းမှာ ၅.၅ % ခန့်မှန်းကြောင်း ဖော်ပြ ထားပါသည်။

သမ္မတရှင်ကျင့်ဖျင်အစိုးရအဖွဲ့သည် အိမ်ခြံမြေအကျပ်အတည်းနှင့် ငွေကြေးတန်ဖိုးကျဆင်းမှုအပါအဝင် ပြဿနာများစွာနှင့် ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ မကြာသေးမီကရရှိသော အချက်အလက်များအရ ကမ္ဘာ့နံပါတ် ၂ စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သော တရုတ် နိုင်ငံသည် အိမ်ရောင်းအား ဆက်တိုက်ကျဆင်းမှု၊ ၅ လအတွင်း စက်ရုံလုပ်ငန်းများ ဆက်တိုက်ကျဆင်းခဲ့ခြင်းတို့ရှိသော်လည်း ပိတ်ရက်ရှည်အတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုမြင့်တက်လာသည်ကိုတွေ့ရှိရကြောင်း Bloombery သတင်းစာတွင်ဖော်ပြထားပါသည်။

 

Source:https://www.bloomberg.com/news/articles/2024-03-04/china-expected-to-target-gdp-growth-of-around-5-in-2024

International Trade News

Pages