တရုတ်ဈေးကွက်အတွက် ထုပ်ပိုးမှုပြုပြင်ထားသည့် ထိုင်းအုန်းသီးအမယ်သစ်အား ဝယ်လိုအား ပိုမိုမြင့်မားလာ

Tue, 10/25/2022 - 05:56 -- wtodep

စက္ကူပုံးသေတ္တာများတွင် ထည့်သွင်းထုပ်ပိုးလေ့ရှိသော စိန်ပုံသဏ္ဍာန်ဖြတ်ထားသည့် လတ်ဆတ်အုန်းသီးများနှင့် နှိုင်းယှဉ်ပါက စက္ကူပုံးအစားပိုက်ကွန်အိတ်ကို အသုံးပြုထားကာ ပိုမိုပါးလွှာအောင် အခွံသင်ထုတ်လုပ်ထားသည့် လတ်ဆတ်အုန်းသီးအား  တရုတ်နိုင်ငံမှ၀ယ်လိုအား ပိုမိုရှိလာသည်ဟု သိရပါ သည်။ ၎င်းထုပ်ပိုးမှုပုံစံအသစ်မှာ  ပုံမှန်စိန်ပုံစံအုန်းသီးထက် ဈေးနှုန်း ၂၀% မှ ၃၀%ကြား ပိုမိုသက်သာ ပါသည်။ ထို့ပြင် ပေ ၂၀ ကုန် သေတ္တာတစ်လုံးလျှင် ယခင်က အလုံးရေ ၁၉,၀၀၀ သာ ထည့်သွင်းနိုင်ခဲ့ရာမှ ယခုအခါ အလုံးရေ ၂၄,၀၀၀ ထည့်သွင်းနိုင်ကာ၊ ပြုပြင်ထုတ်လုပ်သယ်ဆောင်သည့်စရိတ်များကို သက်သာစေကြောင်းနှင့် ပုံသဏ္ဍာန်အသစ်၏အားနည်းချက်မှာ ပုံးသေတ္တာထဲတွင်ထည့်ထားလျှင် အလွယ်တကူ ပျက်စီးနိုင်ကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ Tridge (၂၀-၁၀-၂၀၂၂)

ဒေါက်တာရွှေစင်ကို

ကုန်သွယ်ရေးဦးစီးဌာန

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

International Trade News

Pages