ဈေးနှုန်းသတိပေးချက်များ မဖြစ်မနေ ကပ်ရသည့်စည်းမျဉ်းဖြင့် ငွေကြေးဖောင်းပွမှုကိုလျော့ချနိုင်ရန် ဟန်ဂေရီ ရည်မှန်း

Fri, 01/26/2024 - 05:47 -- wtodep

စားသောက်ကုန်လက်လီဆိုင်ကြီးများသည် လာမည့်မတ်လမှစ၍ အဝယ်ကျသွားသောကုန်စည်များအပေါ်တွင် ဈေးနှုန်း သတိပေးချက်များကပ်ထားရန် ဟန်ဂေရီစီးပွားရေးရာဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါသည်။

ဟန်ဂေရီ၏ ငွေကြေးဖောင်းပွမှုသည် ပြီးခဲ့သည့်နှစ် ပထမလေးလပတ်တွင် ၂၅ % ဖြင့် အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဥရောပသမဂ္ဂအတွင်း အမြင့်မားဆုံးဖြစ်ကာ စားသုံးသူများ၏ ဝယ်ယူနိုင်မှုစွမ်းရည် (consumers' purchasing power)သည် ကျဆင်းလျှက်ရှိခြင်းကြောင့် နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာရန် အစိုးရမှကြိုးပမ်းလျှက်ရှိကြောင်း၊ ဒီဇင်ဘာလအတွင်း လက်လီရောင်းချမှုသည် နိုဝင်ဘာလကထက် ၀.၈ % တိုးတက်ခဲ့သော်လည်း နှစ်စဉ်တိုးတက်မှုနှုန်းမှာ ၈.၇% ဖြင့် ကျဆင်းဆဲဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

ပြည်တွင်းအစိုးရနှင့် ဥရောပပါလီမန်တို့၏ ရွေးကောက်ပွဲများအတွင်း ဝန်ကြီးချုပ် Viktor Orban အစိုးရသည် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့ရန် ကြိုးပမ်းလျှက်ရှိရာ ပထမဆုံးအကြိမ် လေးလပတ် စီးပွားရေးတိုးတက်မှုကို တတိယလေးလပတ်တွင် တွေ့ကြုံခဲ့ရပါသည်။

စီးပွားရေးရာဝန်ကြီးဌာနအဆိုအရ ပြီးခဲ့သည့်လများအတွင်း ကုန်စည်အချို့၏ ဈေးကွက်ကျုံ့သွားခဲ့သော်လည်း ဈေးမကျပဲ ဈေးပင်မြင့်တက်ခဲ့ကြောင်း၊ ယင်းသို့မမှန်မကန်လုပ်ရပ်ကြောင့် စားသုံးသူများမှာ ပိုက်ဆံတန်ဖိုးထက်နည်းသောပစ္စည်းသာ ရခဲ့ကြကြောင်း၊ ယခုပြဌာန်းလိုက်သည့် စည်းမျဉ်းအသစ်ကြောင့် နှစ်စဉ်ငွေလည်ပတ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂.၉ သန်းခန့်ရှိသော လက်လီဆိုင်ကြီးများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဇူလိုင် ၁ ရက်အ တွင်း ဈေးကွက်ကျုံ့သွားသော ကုန်စည်များအား လာမည့် ၂ လအတွင်း ဈေးနှုန်းသတိပေးချက်များ ကပ်ထားရတော့မည်ဖြစ်ကြောင်း၊စားသောက်ကုန်ထုတ်လုပ်သူများ၊ တင်သွင်းသူများကလည်း ဈေးကွက်ချုံ့မည်ဆိုပါက လက်လီရောင်းချသူများထံ အသိပေးရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

နောက်ဆုံး လက်လီအရောင်းစာရင်းများအရ ဟန်ဂေရီတွင် စားသုံးမှုပြန်လည်တိုးတက်လာပြီဖြစ်ကြောင်းနှင့် ယခုအပြောင်းအလဲ ပိုမိုသိသာစေရန် စားသုံးသူယုံကြည်မှုလိုအပ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ထားမှုကို Business Express သတင်းဌာနတွင် ဖော်ပြထားပါသည်။

Source: https://business.express

International Trade News

Pages