စီးပွားရေးဖွံ့ဖြိုးမှုသည် အတူတကွ ပူးပေါင်းလုပ်ဆောင်နေသူတိုင်းတွင် မှီတည်လျက်ရှိ

Tue, 08/30/2022 - 12:22 -- admin_ygn

နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်၏စီမံအုပ်ချုပ်မှုယန္တရား အောင်မြင်စွာ   လည်ပတ်နိုင်ရေးအတွက်  ပြည်သူ့ဝန်ထမ်းများ၏အခန်းကဏ္ဍသည် အဓိကနေရာမှပါဝင်သကဲ့သို့၎င်းတို့အား အဆက် မပြတ် လေ့လာသင်ယူနိုင်မှု အခွင့်အလမ်းရှိအောင်  ဖန်တီးပေးနိုင် ရေးသည်  လွန်စွာမှ အရေးကြီးသည်။ တစ်ယောက်အားဖြင့်ယူသော် မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏ဆိုသောစကားသည် ပူးပေါင်း ဆောင်ရွက်ခြင်း၏အဓိကကျပုံကို     မီးမောင်းထိုးပြခြင်းဖြစ်သည်။ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ရမည့်ကိစ္စများတွင်  တစ်ဦး တစ်ယောက်တည်း ဆောင်ရွက်ရန်ဖြစ်သော်လည်း အများနှင့်သို့မဟုတ် အဖွဲ့အစည်းများအချင်းချင်း    နိုင်ငံအချင်းချင်း   ပူးပေါင်းဆောင် ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များတွင်   ထိရောက်သည့်   ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်ရမည်လည်းဖြစ် သည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး၏အစိုးရများ ပူးပေါင်း ပါဝင်မှု၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု၊  ကုလ သမဂ္ဂကြီး၏စီစဉ်မှုဖြင့် အင်တာနက်ဝက်ဘ်ဆိုက်များတွင်  တင်ပြပြီး ကမ္ဘာ့နိုင်ငံများရှိ  ပြည်သူများ၏  ထင်မြင်ယူဆချက်များ ရရှိနိုင်ရန် အတွက် ကမ္ဘာ့နိုင်ငံများရှိ လူအများ ပူးပေါင်းပါဝင်လာစေမှု စသည့် ပူးပေါင်းပါဝင်လာမှု ပုံစံမျိုးစုံ၊ ထင်မြင်ချက်အစုံ၊  အတွေးအမြင်အစုံတို့ ဖြင့်လိုချင်သည့်၊အလိုရှိသည့် အနာဂတ်ကမ္ဘာလောကကြီးကိုရည်မှန်း ချက်ပန်းတိုင်များဖြင့် ပုံဖော်ခဲ့ကြသည်။  နိုင်ငံတစ်နိုင်ငံ၏  ကြိုးစား အားထုတ်မှုမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအားလုံး၏ပူးပေါင်းပါဝင်မှုအားထုတ် ကြိုးပမ်းမှု၊ ကမ္ဘာ့နိုင်ငံများရှိ ပြည်သူများ၏အသံနားထောင်၍ ပုံဖော် ခဲ့ကြသည့် အောင်မြင်မှုဖြစ်သည်။

Sustainable Development  ကို ပြည်သူ( People)၊  ကမ္ဘာမြေ (Planet)၊ သာယာဝပြောမှု(Prosperity)၊ ငြိမ်းချမ်းမှု(Peace)၊မိတ်ဖက် (Partnership)ဆိုသည့် 5ps ဖြင့် လွှမ်းခြုံထားပြီး မိတ်ဖက်ကို ထည့် သွင်းထားသည်ကို  ကြည့်ခြင်းအားဖြင့်    ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် မိတ်ဖက်များ ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်နေရာတွင် တည်ရှိနေကြောင်း ကို ဆိုလိုသည်ဖြစ်၍ မိတ်ဖက်များနှင့်  ပူးပေါင်းဆောင်ရွက်မှုသည် လည်း လိုအပ်ပါသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။ အလားတူ  နိုင်ငံ အတွင်းတွင် မိမိတို့နိုင်ငံအလိုက် ရေရှည်  စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ အကောင်အထည်ဖော်နိုင်ရန်အတွက်  မူဝါဒများ၊ မဟာ ဗျူဟာများ၊ စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာတွင်  နိုင်ငံအတွင်းရှိ အစိုးရဌာန အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်း ဖြင့် ဆောင်ရွက်ရမည်လည်းဖြစ်သည်။

Partnership Platformသည် ရေရှည်စဉ်ဆက်မပြတ်  ပန်းတိုင် များ အကောင်အထည်ဖော်ရာ၌  အမှန်တကယ် လိုအပ်သည်လည်း ဖြစ်ရာ အဓိကအားဖြင့် မိတ်ဖက်ကို အားယူရေး၊  အရှိန်မြှင့်တင်ရန် တွန်းအားပေး ဆောင်ရွက်ရန်ဖြစ်သည်။   ကမ္ဘာ့ကပ်ရောဂါပြဿနာ၊ ရာသီဥတုပြောင်းလဲခြင်းပြဿနာ၊  ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်ခြင်း အခြေအနေ၊  နည်းပညာများ လျင်မြန်စွာ ပြောင်းလဲတိုးတက်နေခြင်း များ၊ ကမ္ဘာ့ငွေကြေးဈေးကွက်   ကမောက်ကမဖြစ်ခြင်းအခြေအနေ များ၊ အလုပ်လက်မဲ့ပြဿနာများ၊ ပြောင်းရွှေ့အလုပ်သမားပြဿနာ၊ မငြိမ်းချမ်းခြင်းပြဿနာများ  စသည့် ပြဿနာအထွေထွေသည်ကမ္ဘာ ကြီး၏ နေရာအစုံတွင် ပုံစံမျိုးစုံဖြင့် ရှိနေလျက်ရှိရာ ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေး အတွက် အခက်အခဲ အဟန့်အတားများလည်း ဖြစ်ပေါ်နေသည်။

မည်သို့ပင်ဆိုစေ ကမ္ဘာကြီးအတွက် နိုင်ငံများမှ တညီတညွတ် တည်း ချမှတ်ခဲ့သည့်ပန်းတိုင်များကိုမူ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး ကမ္ဘာ့နိုင်ငံများမှ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပြီး တွေ့ကြုံနေရသည့် အခက်အခဲ၊အဟန့်အတားများကြောင့်  လည်း မိတ်ဖက်၏အားများ၊  ပူးပေါင်းဆောင်ရွက်မှုများသည်လည်း အမှန်တကယ်    ပိုမိုလိုအပ်လာနေသည်လည်းဖြစ်သည်။   နိုင်ငံ အားလုံး ပူးပေါင်းဆောင်ရွက်မှု၊ လက်တွဲကူညီထောက်ပံ့မှုများရှိမှသာ ရေရှည်စဉ်ဆက်မပြတ်   ဖွံ့ဖြိုးမှုပန်းတိုင်များကို   အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

ဘုံအကျိုးစီးပွားကိုရည်မှန်း၍နိုင်ငံများအနေဖြင့် နိုင်ငံအတွင်း ရေရှည်စဉ်ဆက်မပြတ် ပန်းတိုင်များ အကောင်အထည်ဖော် ဆောင် ရွက်ရေးအတွက် မည်မျှစီမံကိန်းများ   ချမှတ်ဆောင်ရွက်စေကာမူ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ အားနည်းခြင်း၊ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိပါက  ပန်းတိုင်များ   အကောင်အထည်ဖော်ရာ၌ အခက်အခဲရှိမည်ဖြစ်သည်။   စည်းလုံးခြင်းသည် အင်အား၊ စည်းလုံး ညီညာ အောင်ကြောင်းဖြာဆိုသည့်  စကားရပ်များအတိုင်း  ပူးပေါင်း ဆောင်ရွက်ရာတွင်လည်း   စည်းစည်းလုံးလုံးဖြင့်  ဘုံအကျိုးစီးပွား အတွက် ရှေးရှုဆောင်ရွက်ရန်ဖြစ်သည်။  တစ်ဦးတစ်ယောက်တည်း အဖွဲ့အစည်းတစ်ခုတည်းအတွက် ပူးပေါင်းဆောင်ရွက်ရန်မဟုတ်ဘဲ  ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊  နိုင်ငံ သားတို့ အေးချမ်းစွာ  နေထိုင်နိုင်ရေး၊ သာယာဝပြောစွာ  နေထိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေးစသည့်  ဘုံအကျိုးစီးပွား ကို ရည်မှန်းကာ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။  တစ်ဦးကောင်း၊ အဖွဲ့အစည်းတစ်ခုကောင်းတစ်ခုအတွက်  ရည်ရွယ်ဆောင်ရွက်ရန် မဟုတ်ဘဲ နိုင်ငံအကျိုးအတွက် နိုင်ငံသားများ   ရည်ရွယ်ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်သည်။ သို့မှသာ ကမ္ဘာကြီး၏နေရာစုံတွင်ရှိနေကြ သည့် လူသားအားလုံး အကျုံးဝင်ပါဝင်ပြီး သာယာဝပြောသည့်ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးသည့်၊ ငြိမ်းချမ်းသည့်ကမ္ဘာကြီးဆီ ဦးတည်သွား နိုင်မည်ဖြစ်ပြီး   မိတ်ဖက်ကိုအားယူကာ  ထိရောက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှု   နည်းလမ်းများဖြင့်   အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင်လူသားအားလုံး မျှော်မှန်းသည့် အောင်မြင်မှု ပန်းတိုင်ဆီ အရောက်သွားနိုင်မည်ဖြစ်ပါကြောင်း   ရေးသားလိုက်ရ ပါသည်။        

 

International Trade News

Pages