ဂျာမနီနိုင်ငံတွင် ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးအသစ် H5N8 ကိုတွေ့ရှိ

Wed, 01/21/2015 - 10:37 -- admin_ygn

   ဂျာမနီနိုင်ငံတွင် ငှက်တုပ်ကွေး ဗိုင်းရစ်စ်ပိုးအသစ်ဖြစ်သည့် H5N8 ကိုတွေ့ရှိခဲ့ရကြောင်းဖြင့် ဂျာမနီနိုင်ငံပြည်တွင်းမီဒီယာများကဖော်ပြထားချက်ကို ကိုးကား၍ စီအန်န်အေ သတင်းတွင် ဖော်ပြထားသည်။
   ဂျာမနီနိုင်ငံမှ အွန်လိုင်းမီဒီယာတစ်ခုဖြစ်သည့် Spiegel Online က အဆိုပါငှက်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့် ဗိုင်းရပ်စ်ပိုးအသစ်တစ်မျိုးကို ရော့စ်တော့ တိရစ္ဆာန်ဥယျာဉ် တွင်တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါတိရစ္ဆာန်ဥယျာဉ်သည် ဂျာမနီနိုင်ငံ၏ အရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် မာလင်ဘတ်ဂ်မြို့တွင်ရှိကြောင်း၊ ယင်းတိရစ္ဆာန်ဥယျာဉ်မှ ငှက်တုပ်ကွေးရောဂါကိုဖြစ်ပွားနိုင်သည့် အမြင့်ဆုံးသော ဗိုင်းရပ်စ်ပိုးအသစ်တစ်မျိုးဖြစ်သည့် H5N8 ကိုတွေ့ရှိခဲ့ရကြောင်းဖြင့်  ရော့စ်တော့မြို့တော်ရှိအုပ်ချုပ်မှုရုံး၏ ပြောကြား ချက်ကို ကိုးကားပြီး ဖော်ပြထားသည်။
   အဆိုပါဗိုင်းရပ်စ်ပိုးကူးစက်ခံရသည့် ဘဲနှစ်ကောင်မှာချက်ချင်းသေဆုံးသွားကြကြောင်းဖြင့် ဒေသဆိုင်ရာအာဏာပိုင်များကထုတ်ဖော်ပြောကြားခဲ့ကြသည်။
  ယင်းဗိုင်းရပ်စ်ပိုးသည် လူများကို ကူးစက်နိုင်ခြင်း ရှိ၊ မရှိကို မသိရှိရသေးသော်လည်း လူတို့အနေဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသွားသည့် ကြက်များ၊ ဘဲများစသည့် တိရစ္ဆာန်များ စားသုံးခြင်းကိုရှောင်ကြဉ်ကြရန်နှင့် မိမိပတ်ဝန်းကျင်တွင် ယင်းကဲ့သို့ တိရစ္ဆာန်သေဆုံးမှုများရှိခဲ့ပါက ဒေသဆိုင်ရာအာဏာပိုင်များသို့ အကြောင်းကြားစေ လိုကြောင်းဖြင့် အဆိုပါသတင်းတွင်ဖော်ပြထားသည်။

မယ်သီတာ

International Trade News

Pages