ကိုရီးယား ဂျင်ဆင်းအား ဟောင်ကောင်နှင့်တရုတ်မှ အများဆုံးဝယ်ယူလျက်ရှိ

Mon, 01/19/2015 - 12:46 -- admin_ygn

  တရုတ်လူမျိုးများသည် ကိုရီးယားဂျင်ဆင်းများကို အများဆုံးဝယ်ယူကြသည့် အဓိကဖောက်သည်ကြီးများဖြစ်ကြသည်။ ပြည်ပသို့ ယမန်နှစ် ပထမ ၉ လအတွင်း တင်ပို့သည့် ကိုရီးယား ဂျင်ဆင်း၊ ဂျင်ဆင်းနီ၊ ဂျင်ဆင်းနီအဆီများနှင့် ဂျင်ဆင်းထွက်ကုန်များအားလုံး၏ ၂၂ ရာခိုင်နှုန်းနှင့် ၂၈ ရာခိုင်နှုန်းတို့ကို ဟောင်ကောင်နှင့် တရုတ်တို့ကဝယ်ယူကြ သည်။ ယင်းနှစ်နိုင်ငံဝယ်ယူသမျှသည် ဂျင်ဆင်းထွက်ကုန်အားလုံး၏ တစ်ဝက်တိတိပမာဏဖြစ်သည်ဟု ကိုရီးယား အကောက်ခွန်ဌာနက အတည်ပြုပြောကြားခဲ့သည်။
   ဂျပန်နှင့် အမေရိကန်သည် ကိုရီးယားဂျင်ဆင်းများကို ဝယ်ယူသည့် တတိယနှင့် ပဉ္စမမြောက်အများဆုံးနိုင်ငံများဖြစ်ကြပြီး၊ ဂျင်ဆင်းထွက်ကုန် အားလုံး၏ ၁၇ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်းအသီးသီးဝယ်ယူကြသည်။ တရုတ်နိုင်ငံသည် ကိုရီးယားဂျင်ဆင်းများ အများဆုံးဝယ်ယူသည့် နိုင်ငံ ၁၀ နိုင်ငံတွင် ပထမစွဲသည့်နိုင်ငံဖြစ်သည်။ ကမ္ဘာ့တိုင်းပြည်များသို့ ကိုရီးယား ဂျင်ဆင်းအများအပြား တင်ပို့ရောင်းချလာနိုင်ခြင်းမှာ ကိုရီးယားပေါ့ယဉ်ကျေးမှုနှင့် နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ ဈေးကွက်ချဲ့ထွင်လာသည့် အကျိုးရလဒ်များဖြစ် သည်ဟု ကိုရီးယားဂျင်ဆင်း ကော်ပိုရေးရှင်းမှ Choi Sam-kyu ကသုံးသပ်ပြောကြားသည်။ ၂၀၀၅ ခုနှစ်က ဂျင်ဆင်းထွက် ကုန်များ၏ ပြည်ပပို့ကုန်ပမာဏသည် ဒေါ်လာ ၇၅ မီလီယံသာရှိရာမှ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလအကုန်ပိုင်းအထိ ပို့ကုန်ပမာဏ ဒေါ်လာ ၁၁၈ မီလီယံရှိခဲ့သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဆိုးလ်မြို့

 

International Trade News

Pages