ကမ္ဘောဒီးယားသည် ၂၀၂၂ ခုနှစ်၊ ပထမ ၁၁ လအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အမေရိကန်ဒေါ်လာ ၃.၃၈ ဘီလီယံတန်ဖိုး တင်သွင်းခဲ့

Thu, 12/15/2022 - 06:38 -- Dotbilateral

  ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ပထမ ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၃.၃၈ ဘီလီယံတန်ဖိုးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်သွင်းခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၅၈ ရာခိုင်နှုန်းနီးပါး တိုးလာကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်ဦးစီးဌာနမှ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

  ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအတွင်း အရှေ့တောင်အာရှနိုင်ငံမှ တင်သွင်းသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပမာဏကို အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားခြင်း မရှိပေ။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပင်လယ်ကြမ်းပြင်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ ထွက်ရှိမှု မရှိသေးသောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုအပေါ် လုံးလုံးလျားလျား မှီခိုနေရ သည်။

  ကမ္ဘောဒီးယားတွင် ရေနံထွက်ကုန် ၀ယ်လိုအားသည် ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၂.၈ သန်းရှိခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် ၄.၈ သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး Suy Sem က ပြောကြားခဲ့သည်။

  ဝယ်လိုအားတိုးမြင့်လာမှုကို တုံ့ပြန်နိုင်ရန်အတွက် အဆိုပါကဏ္ဍတွင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေကြောင်း ဝန်ကြီးက ပြောကြားခဲ့ကြောင်း ရှင်းဟွာမှ ထုတ်ပြန်ခဲ့သော သတင်းဖော်ပြချက်အရ သိရှိရသည်။

ရင်းမြစ်။        Xinhua

International Trade News

Pages