ကမ္ဘာ့ရေနံဈေးနှုန်းကျဆင်းမှုကြောင့် တောင်ကိုရီးယား စီးပွားရေးပိုကောင်းလာ

Tue, 01/20/2015 - 15:00 -- admin_ygn

   ကမ္ဘာ့ရေနံဈေးနှုန်းများကျဆင်းလာမှုကြောင့် ကိုရီးယားစီးပွားရေးတိုးတက်မှုအပေါ်အပေါင်းလက္ခဏာသက်ရောက်မှုများရှိကြောင်း KDI ကခန့်မှန်း ပြောကြားလိုက်သည်။ ၎င်း ကထုတ်ပြန်သော အစီရင်ခံစာတွင် ရေနံဈေးနှုန်းနှင့် ကိုရီးယားစီးပွားရေးအပေါ်သက်ရောက်မှုကြားဆက်နွယ်ချက်ကို ဆန်းစစ်ထားပြီး၊ ရေနံဈေးနှုန်းတစ်စည်လျှင်  ၄၉ ဒေါ်လာ တွင်ရှိနေပါက ကိုရီးယားစီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် သုည ဒသမ ၂ ရာခိုင်နှုန်းတိုး လာမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့ ရေနံဈေးနှုန်း ၁၀ ရာခိုင်နှုန်းကျဆင်းပါက နိုင်ငံ အတွင်း စက်မှုလုပ်ငန်းအသီးသီး၏ ထုတ်လုပ်မှုကုန်ကျစရိတ်အား သုည ဒသမ ၆၇ ရာခိုင်နှုန်းလျှော့ချနိုင် ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် တစ်ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍများ တွင် သုည ဒသမ ၂၈ ရာခိုင်နှုန်းအသီးသီးလျော့ကျသွားမည်ဟု တွက်ချက်ဖော်ပြခဲ့သည်။ ယခုရေနံဈေးနှုန်းအတိုင်းဖြစ်ပါက ကိုရီးယားအနေဖြင့် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် များစွာလျှော့ချသွားနိုင်မည်ဖြစ်သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့
     

 

International Trade News

Pages