ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဇန်နဝါရီ တတိယပတ်အတွင်း ကျင်းပမည်

Thu, 01/22/2015 - 15:10 -- admin_ygn

   နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့  ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ကို ဇန်နဝါရီ ၂၁ ရက်မှ ၂၄ ရက် အထိ ဒါးဗို့စ်မြို့မှာကျင်းပမှာဖြစ်ကြောင်း ပီတီအိုင်သတင်း မှာ ဖော်ပြပါတယ်။
   အစည်းအဝေးကို ကော်ပိုရေးရှင်း ခေါင်းဆောင်များနဲ့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၄၀ မှ နိုင်ငံခေါင်းဆောင်များနဲ့ အစိုးရအဖွဲ့ အကြီးအကဲများ  အပါအဝင် နိုင်ငံရေးနယ်ပယ် မှခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်ရာ စုစုပေါင်း ၂၅၀၀ ကျော်တက်ရောက်မယ်လို့ခန့်မှန်းထားပါတယ်။
   (၄၅)ကြိမ်မြောက်ကျင်းပတဲ့ ဒီဖိုရမ်ကို ဂျာမနီဝန်ကြီး ချုပ် အိန်ဂျလာမာကယ်၊ ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်၊ တရုတ်ဝန်ကြီးချုပ် လီကယ်ရှင်း၊ ပါကစ္စတန်ဝန်ကြီးချုပ် မိုဟာ မက်နာဝပ်ရှရစ်နဲ့ ဆွစ်ဇာလန်သမ္မတ  ဆီမွန်နက်တာဆွမ်မာ ဂူလာတို့လည်း တက်ရောက် မှာဖြစ်ပါတယ်။
   ကမ္ဘာ့စီးပွားရေးမှာ စိန်ခေါ်မှုပေါင်းစုံနဲ့ရင်ဆိုင်နေရတဲ့ ယခုလို ကာလမျိုးမှာကျင်းပတဲ့ (၄၅)ကြိမ် မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်အစည်းအဝေးမှာ "The New Global Context" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
   ပထဝီနိုင်ငံရေးတင်းမာမှုများ၊ ရောဂါကပ်ဘေး၊ ဖွံ့ဖြိုးမှု အမျိုးမျိုးကွဲပြားမှုပြဿနာနဲ့ စွမ်းအင်ဆိုင်ရာ  ပြဿ     နာသစ်များကိုလည်း ဆွေးနွေးပွဲအစီအစဉ်မှာထည့်သွင်းထားပါတယ်။
   ယခုနှစ်ဆွေးနွေးပွဲက ကမ္ဘာ့ယုံကြည်မှုကို  ဆန်းသစ် ဖော်ဆောင်ပေးမယ့် ခရီးစဉ်ရဲ့အစဖြစ်လိမ့်မယ်လို့ မျှော်လင့် ကြောင်း ဖိုရမ်ကိုစတင်တည်ထောင်ခဲ့သူ နဲ့အမှုဆောင် ဥက္ကဋ္ဌ ဖြစ်သူ ကလော့ရှ ဝပ်ကပြောပါတယ်။ ဖိုရမ်မှာ သဘာ၀၀န်းကျင်နဲ့ သယံဇာတရှားပါးမှု ပြဿ   နာ ကျွမ်းကျင်သူခန့်ထားရေးနဲ့ လူသားအရင်းအနှီး၊ ကျားမတန်းတူညီမျှ မှု၊ ရေရှည်ရင်း နှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံ   ဖွံ့ဖြိုးတိုးတက်ရေး၊ အစားအစာလုံခြုံရေးနဲ့ လယ်ယာစိုက်ပျိုးရေး စတဲ့  ပြဿ     နာတွေပါဝင်မှာဖြစ်ပါတယ်။
  ဆွေးနွေးပွဲမှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု၊ အင်တာနက်ရဲ့ အနာဂတ်၊ ကမ္ဘာ့ရာဇဝတ်မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူမှုရေးနဲ့ ဘဏ္ဍာရေးစနစ် အနာဂတ်စတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။

ဉာဏ်တင်

International Trade News

Pages