ကမ္ဘာ့ကော်ဖီဈေးကွက် မြင့်တက်လာ၍ ပြည်တွင်းကော်ဖီစိုက်ဧကများ တိုးချဲ့မည်

Tue, 08/02/2022 - 06:41 -- admin_ygn

ကမ္ဘာ့ကော်ဖီဈေးကွက်  မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံအနေဖြင့် ကော်ဖီအဓိကထုတ် လုပ်တင်ပို့သည့်နိုင်ငံဖြစ်လာစေရန် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း ကော်ဖီဗဟိုအဖွဲ့မှ သိရသည်။လက်ရှိ ကမ္ဘာ့ကော်ဖီကုန်သွယ်မှုတန်ဖိုး မှာ အမေရိကန်ဒေါ်လာ  ၃၀  ဘီလီယံကျော်ရှိကာ Internatio nal Coffee Organiza tion၏ ခန့်မှန်းချက်များအရ  ကမ္ဘာ့ကော်ဖီသောက်သုံးမှုသည် လာမည့်  ငါးနှစ်အတွင်းနှစ်စဉ် ၃ ရာခိုင်နှုန်း တိုး တက်လာနိုင်ကြောင်း သိရသည်။စီးပွားရေးတိုးတက်သည့်     နိုင်ငံတစ်ခု အတွင်း တစ်ဦးချင်းဝင်ငွေ တိုးတက်လာသည်နှင့် အမျှ ကော်ဖီကို ပိုမိုသောက်သုံး လာကြရာ မြန်မာ့ကော်ဖီအနေဖြင့် နိုင်ငံတကာတွင် ဈေးကွက်ကောင်းတစ်ခုရရှိလာနိုင်သည်ဟု ဆိုသည်။သို့ဖြစ်၍ သီးနှံစုံစိုက်ပျိုးနိုင်သော ဂေဟစနစ် အခြေအနေကောင်းများရှိနေသည့်  မြန်မာ နိုင်ငံအနေဖြင့်   ကော်ဖီစိုက်ဧကများ  တိုးချဲ့ကာ အရည်အသွေးမြင့်မားသည့်ကော်ဖီများ   ထုတ် လုပ်နိုင်ရေး ကို စနစ်တကျ စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက် ထိုးဖောက် နိုင်ရေးအတွက် ကော်ဖီဗဟိုအဖွဲ့နှင့်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊    သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနများနှင့်ကော်ဖီထုတ်လုပ်မှုဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ   ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင် ငံအတွင်း အာရေးဗီးကား  ကော်ဖီထုတ်လုပ်နိုင်သည့်    တောင်ကုန်း၊ တောင်တန်းဒေသများ၊ ရိုဘတ်စတာ ကော်ဖီများ ထုတ်လုပ်ရန် သင့်တော်သော မြေပြန့် ဒေသများ ရှိနေသော်လည်း လက်ရှိ ကော်ဖီထုတ် လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် ၉၀ဝ၀ ကျော်ခန့် သာ  ရှိနေဆဲဖြစ်၍ အထွက်နှုန်း   တိုးလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ပြည်တွင်း၌   ကော်ဖီစိုက်ဧက  စုစုပေါင်း နှစ်သိန်းကျော်ကို အကောင်အထည်ဖော် စိုက်ပျိုး လျက်ရှိသော်လည်း လက်ရှိတွင် ဧက၅၀ဝ၀ဝကျော် သာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ကော်ဖီကို   မြန်မာနိုင်ငံတွင် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့်   ရှမ်းပြည်နယ်တို့ တွင် အများဆုံးစိုက်ပျိုးပြီး   အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင်လည်း အနည်းငယ်စိုက်ပျိုး ကြကြောင်း သိရသည်။

International Trade News

Pages