ဝန်ဆောင်မှုကုန်သွယ်ရေးတိုးမြှင့်ရန်အဆင့်မြင့်နည်းပညာဝန်ဆောင်မှုလုပ်ငန်းများအပေါ် တရုတ်နိုင်ငံက အခွန်လျှော့ချမည်

Tue, 03/15/2016 - 09:09 -- admin_ygn

                             တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုနှင့် ကုန်စည်ကုန်သွယ်ရေးတိုးမြှင့်ရန် ရည်ရွယ်၍ နည်းပညာလုပ်ငန်းများအား ကောက်ခံသည့်အခွန်နှုန်းများအား လျှော့ချသွားမည်ဖြစ်ကြောင်း တရုတ် နှစ်သစ်ကူး ပွဲတော်အားလပ်ရက် အပြီး ကျင်းပ သည့် နိုင်ငံတော်ကောင်စီထိပ် တန်းအစည်းအဝေး၌ ဝန်ကြီးချုပ် လီကဲရှင်းကပြောကြားလိုက်ပါသည်။ ယခင်နှစ်မှစတင်၍ တရုတ်နိုင်ငံ၏ပြည်ပ ကုန်စည်တင်ပို့မှု ကျဆင်းလာသည့် အပြင် ပြည်တွင်းလုပ်အားခမြင့်တက် နေသည့်အတွက် အဆင့်မြင့်နည်းပညာ ဝန်ဆောင်မှုလုပ်ငန်းများကို တွန်းအား ပေးခြင်းသည် တရုတ်စီးပွားရေးပြန် လည်ဦးမော့စေရန် ဦးစားပေးလုပ်ငန်း စဉ်တစ်ရပ်ဖြစ်ကြောင်း၊ လိုအပ်သည် ထက် ထုတ်လုပ်မှုပိုလျှံနေသည့် သံမဏိ၊ ကျောက်မီးသွေးစက်ရုံများကို လည်း တဖြည်းဖြည်းလျှော့ချသွား မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဝန်ဆောင် မှုကုန်သွယ်ရေးကို လမ်းဖွင့်ပေးခြင်း သည် စီးပွားရေးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်နိုင်မည်ဟု မျှော် လင့်ကြောင်း ဖော်ပြထားပါသည်။ရှေ့ပြေးစမ်းသပမှု အစီအစဉ်(Pliot Programme)  အဖြစ် နိုင်ငံတော် အဆင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်သစ် ငါးခုအောက်ရှိ နေရာ ၁၀ နေရာ၌ နိုင်ငံခြားသားကုမ္ပဏီများအား လာ  ရောက်ရင်းနှီးမြှုပ်နှံမှု လွယ်ကူရန် လုပ် ငန်းစဉ်များဖြေလျော့ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ရွေးချယ်ထား သည့်မြို့များမှာ ရှန်ဟဲ၊ တီယန်ကျင်း၊ ရှန်ဇန်၊ ကွမ်ကျိုး၊ Hangzhou? Suzhou၊ ဝူဟန်၊ ချန်နူးနှင့်ဝေးဟိုင့်တို့ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်ရင်းနှီး မြှုပ်နှံမှု ရှေ့ပြေး စမ်းသပ်နေရာများမှာ ဟာဘင်း ၊ ယန် ဘော၊ လီယန်ဂန်း၊Guiyang - Anshun နှင့်Xi'an-Xianyang တို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။ အဆိုပါ အစီအစဉ် ကို လာ မည့်နှစ်နှစ်အတွင်း စတင်မည် ဖြစ်ပြီး မူဝါဒသုံးခုကိုလည်း အဆိုပါ အစည်းအဝေး၌ ချမှတ်ခဲ့ပါသည်။ ပထမမူဝါဒမှာ အခွန်လျှော့ချသည့် အစီအစဉ်ဖြစ်ပြီး ဆုရရှိသည့် အဆင့် မြင့် နည်းပညာ သုံး ဝန်ဆောင်မှုကုမ္ပဏီ များအား ယခင် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခဲ့ရာမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချ ပေးမည် ဖြစ်သည်။ ဒုတိယ မူဝါဒမှာ အဆိုပါရှေ့ပြေး စမ်းသပ် နေရာရှိ အသေးစားနှင့် အလတ်စား လုပ်ငန်း များအတွက် တီထွင်ဆန်းသစ် မှု ဖွံ့ဖြိုးစေရန် အစိုးရက သုတေသနနဲ့ ဖွံ့ဖြိုးမှုအတွက် ငွေကြေးထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ တတိယမူဝါဒ မှာ ဘဏ္ဍာရေး အဖွဲ့အစည်းများမှ အဆိုပါ သုတေသနနဲ့ ဖွံ့ဖြိုးရေးအတွက် ငွေကြေးအထောက်အပံ့ တိုးမြှင့်သွားရန် ဖြစ်သည်။

သန္တာခိုင်၊ စီးပွားရေးသံမှူး   မြန်မာသံရုံး၊ ပေကျင်းမြို့

 

International Trade News

Pages