တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Fri, 12/08/2023 - 05:15 -- mocadmin

   တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်(ဒီဇင်ဘာလ ၁ ရက် မှ ၅ ရက်အထိ) ပို့ကုန် အမေရိ ကန်ဒေါ်လာ (၀.၃၀၆)သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၀.၉၉၁) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၁.၂၉၇) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

   ပို့ကုန်တင်ပို့မှု အနေဖြင့် ထောပတ်သီး (၈၃) တန်၊ စက္ကူဖြတ်စ (၃၄) တန်နှင့် ပလပ်စတစ်ဖြတ်စ (၁၀) တန် တင်ပို့နိုင်ခဲ့သည်။

   သွင်းကုန်အနေဖြင့် ကွန်ကရစ်အမိုးပြားများ၊ မျက်နှာကျက်ပြားများ၊ မီးခံအုတ်များ၊ ​ကြွေပြား များ၊ ဘိလပ်မြေများ၊ တာယာများ၊ ပလပ်စတစ်ခြင်းများ၊ ဖိနပ်များ၊ ပလပ်စတစ်ဖျာများနှင့် ပလပ်စတစ်ဘူးခွံများ တင်သွင်းခဲ့သည်။

   ၅-၁၂-၂၀၂၃ ရက်နေ့တွင် ငွေလဲနှုန်းအနေဖြင့် မြန်မာကျပ်ငွေ (၁) သိန်းလျှင် (၁၀၂၅) ဘတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Border Trade News

Pages