Re-export နဲ့ဘယ်လိုကုန်သွယ်ကြမလဲ

Thu, 08/04/2016 - 09:22 -- admin_ygn

     Re-export စနစ်အတွက် မှတ်ပုံတင်ကြေး အဖြစ်  ကျပ် ငါးသောင်း (၅၀၀၀၀ ကျပ်)သတ်မှတ်ထားပြီး  မှတ်ပုံတင်သက် တမ်းမှာ တစ်နှစ်ဖြစ်ပါတယ်။ မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့် မြောက်ပြီး  ထပ်မံသက် တမ်းတိုးလို ပါက  တစ်နှစ်စာအတွက်  ကျပ်ငါးသောင်း (ကျပ် ၅၀၀၀၀)ပေးသွင်းရမှာဖြစ်ပါတယ်။ Re-export စနစ်နဲ့ကုန်သွယ်မှု ပြုနေတဲ့ ကုမ္ပဏီရဲ့အမည်၊ လိပ်စာနဲ့  ဒါရိုက်တာအဖွဲ့ဝင်  စတဲ့ ကုမ္ပဏီနဲ့ ပတ်သက်သမျှ ကို ပြင်ဆင်လိုတယ် ဆိုရင်တော့  ပြင်ဆင်ချက်တစ်ချက်အတွက် ကျပ်တစ်ထောင်(ကျပ် ၁၀၀၀)ဖြစ်ပါတယ်။ ဒါ့အပြင် Re-export စနစ်နဲ့  ကုန်သွယ်မှုပြုဖို့ ထုတ်ပေး ထားတဲ့ မှတ်ပုံတင်ကတ်ပြား ပျောက်ဆုံးသည်ဖြစ်စေ၊  ပျက်စီး သည်ဖြစ်စေ  အသ စ်ပြန် လည်  လျှောက်ထားနိုင်ပါတယ်။ အဲဒီလိုလျှောက်ထားရာမှာ  မိတ္တူ မှန်ကို ထုတ်ပေးမှာဖြစ်ပါ တယ်။ မိတ္တူ မှန်ရရှိဖို့အတွက်   ပျောက်ဆုံးကြောင်း   သတင်းစာ ကြော်ငြာမူရင်းနဲ့  ရပ်ကွက်/  ရဲစခန်း  ထောက်ခံချက်တို့နဲ့ လျှောက်ထားရမှာဖြစ်ပါတယ်။
        လိုင်စင်ဘယ်လိုလျှောက်ကြမလဲ ??? Re-export လိုင်စင်လျှောက်ထားရာမှာ  ကုမ္ပဏီအသစ် တွေ၊ ထပ်မံလျှောက်ထားသူတွေအတွက်   စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ စိစစ်ရေး အဖွဲ့ထံ ပထမဦးစွာ  လျှောက်ထားရမှာဖြစ်ပါတယ်။ Re-export  စနစ်အတွက် သွင်းကုန်/ပို့ကုန်လိုင်စင် လျှောက်ထားရာမှာ ပူးတွဲတင်ပြရမယ့်  စာရွက်စာတမ်းများကို စိစစ်ရေးအဖွဲ့က စိစစ်ပြီး ခွင့်ပြုပေးသွားမှာဖြစ်ပါ တယ်။
လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
(၁)    ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
(၂)     Sale Contract & Invoice
(၃)    တင်သွင်းခြင်း^  တင်ပို့ခြင်းဆိုင်ရာ     နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်
(၄)    တင်သွင်းမည့်  ကုမ္ပဏီနိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထား သည့်  ဘဏ်စာအုပ်၏  နိုင်ငံခြားငွေ    လက်ကျန်သည် တင်သွင်းမည့်  ကုန်ပစ္စည်းတန်ဖိုး၏အနည်းဆုံး၂၀ရာခိုင်နှုန်းရှိရမည်။ (Re-export တင်သွင်း^ တင်ပို့ခြင်း ကို  တတိယအကြိမ်လျှောက်ထားခြင်းဖြစ်ပါကအနည်းဆုံး ပထမအကြိမ်အတွက် ဘဏ်ဝင်ငွေစာရင်း တင်ပြနိုင်ရမည်။)
 (၅)     Re-export  နည်းလမ်းဖြင့် တင်သွင်းခြင်း^ တင်ပို့ခြင်း ဆောင်ရွက်ရာတွင်သယ်ယူပို့ဆောင်မည့်လမ်းကြောင်း ဖော်ပြရမည်။

 

 

 ဆက်လက်ဖော်ပြပါမည်

Local Trade News

Pages