MoCOM E-commerce Innovation Challenge ပထမအကျော့ပြိုင်ပွဲများ၏ ဆန်ခါတင်ရွေးချယ်ခံရသည့်အဖွဲ့များ နောက်ဆုံးအဆင့်အတွက် ယှဉ်ပြိုင်နေ

Fri, 02/05/2021 - 09:26 -- admin_ygn

COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်(CERP) ၏ ပန်းတိုင်(၅)အောက်ရှိ  လုပ်ငန်းအစီအစဉ် - ၅.၂.၁ (ဃ)အရ Application developer များနှင့် Application တီထွင်သုံးစွဲနေသူများကို Challenge Grant ဆုများ ပေးအပ်နိုင်ရေး အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ UNDP မြန်မာ၏ ငွေကြေးအထောက်အပံ့ဖြင့် MoCOM E-commerce Innovation Challenge ပြိုင်ပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိသည်။
MoCOM E-Commerce Innovation Challenge ၏ပထမပြိုင်ပွဲများဖြစ်သည့် Building Resilience Against COVID-19 နှင့်MSMEs on-boarding and Acceleration (And Formalization) စိန်ခေါ်မှုများ၏ ဆန်ခါတင်အဖွဲ့များ စာရင်းကို ထုတ်ပြန် လိုက်သည်။ ရွေးချယ်ခံရသည့် အဖွဲ့များအနေဖြင့် နောက်ထပ်အဆင့်များတွင် ဆက်လက်ယှဉ်ပြိုင်ရန် Video Presentation များကို ပေးပို့သွားရမှာဖြစ်ပြီး ပေးပို့လာသည့် Video Presentation များနှင့်  အဆိုပြုလွှာများကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်ဖွဲ့စည်းထားသည့် ဆုရွေးချယ်အကဲဖြတ်ရေးကော်မတီက သတ်မှတ်စံနှုန်းများနှင့် အညီ   ပထမပြိုင်ပွဲအတွက် ဆုခုနစ်ဆုနှင့် ဒုတိယပြိုင်ပွဲအတွက် ဆုငါးဆုအသီးသီးကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။ အနိုင်ရပြိုင်ပွဲဝင်များစာရင်းကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။
ဆက်လက်၍ MoCOM E-Commerce Innovation Challenge ၏ ဒုတိယမြောက်စိန်ခေါ်ပွဲများအတွက်   စာရင်းသွင်း လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ဦးဆောင်၍ UNDP မြန်မာ၏ ငွေကြေးအထောက်အပံ့ဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့်  MoCOM E-Commerce Innovation Challenge ၏ ဒုတိယစိန်ခေါ်မှုများမှာ Women in E-commerce နှင့် Consumer Rights & Online Intellectual Property (IP) တို့ဖြစ်သည်။ စိန်ခေါ်မှုများတွင် တည်ရှိနေဆဲ  ကုမ္ပဏီများဖြစ်သည့် (အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးကော်ပိုရေးရှင်းများ၊ အဖွဲ့အစည်းများ)မှ စိတ်ပါဝင်စားသူများ၊ စွန့်ဦးတီထွင်လုပ်ငန်းငယ်များ၊ E-Commerce အကြောင်း စိတ်ပါဝင်စားသူများနှင့်  တစ်သီးပုဂ္ဂလအဖွဲ့များ ပါဝင်နိုင်သည်။ စိန်ခေါ်မှုတစ်ခုချင်းစီအတွက်ဆုကြေးငွေ ဒေါ်လာ ၁၀ဝ၀ဝ စီ ပေးအပ်သွားမည်ဖြစ် သည်။   ပြိုင်ပွဲဝင်များအနေဖြင့် စိန်ခေါ်မှုတွင် ပါဝင်ရန် စာရင်းသွင်းပြီးသည်နှင့် တစ်ပြိုင်နက် မိမိဆန်းသစ်တီထွင်ထားသည့် အကြံဉာဏ်(အိုင်ဒီယာ)အသေးစိတ်ကို တင်သွင်းနိုင်ပြီဖြစ်သည်။

 

WTO

Local Trade News

Pages