မြေသြဇာတန်ချိန် နှစ်သောင်းခွဲနီးပါးဝင်ခဲ့

Wed, 08/17/2016 - 08:23 -- admin_ygn

     ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ၅၂၀၆၇၇၇ တန်ဖိုးရှိ မြေသြဇာ၂၄၅၀၄ ဒသမ ၀၉၁ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ပိုတက်ဆီယမ်၊ ယူရီးယား၊ အမိုးနီး ယမ်းဆာလဖိတ်၊ ရွှေနဂါး တော့(ပ်)ဝမ်းမြေသြဇာ၊နိုက်တြိုဂျင်၊ ကွန်ပေါင်း၊ မဂ္ဂနီဆီယမ်ဆာလဖိတ်၊ ဓာတ်ဆား၊  ပိုတက်ဆီယမ် စတဲ့မြေသြဇာများတင်သွင်းခဲ့တယ်လို့သိရပါတယ်။ဒီတစ်ပတ်မှာ ကနေဒါမှ တန်ချိန် ၂၂၀၀၊ တရုတ် မှ၁၂၉၃၇ဒသမ၂၁၇ တန်၊ ဒိန်းမတ်မှ ၂၁၀၉ ဒသမ ၆ တန်၊ ဂျာမနီမှ ၁၉၇၅တန်၊ ကိုရီးယားမှ ၄ ဒသမ ၈၀၄ တန်၊ မလေးရှားမှ ၅၁၇ ဒသမ ၆၀တန်၊ ရုရှားမှ ၃၈၄ ဒသမ ၆၇ တန်၊ ထိုင်းမှ၃၃၇၄ ဒသမ ၂၀တန်နဲ့ ဗီယက်နမ်မှ ၁၀၀၁ တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ တရုတ် နိုင်ငံမှ အများဆုံးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် မြေသြဇာ တန်ချိန် ၉၃၀၀ ကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်း မှုနဲ့ နှိုင်းယှ ဉ်ရင် တန် ချိန် ၁၅၁၇၀ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)

Local Trade News

Pages