မုံရွာကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ပဲဈေးကွက်လက်ကျန်ပဲနည်းလာလို့ ကုလားပဲဈေး ဆက်လက်မာ

Tue, 08/16/2016 - 08:09 -- admin_ygn

       မုံရွာကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ပဲဈေးကွက်မှာ ပြည်ပဝယ်လက် ရပ်သွားပေမယ့် ပြည်တွင်းသုံး ဝယ်လိုအား မြင့်နေဆဲမို့ ပဲလက်ကျန်နည်းသလို ဈေးလည်း ဆက်လက် မာခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ် အတွ င်းမှာ ကုလားပဲ ဖြူလုံးကြီး တစ်တင်း ၄၁၇၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၄၀၃၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၃၉၇၀၀ ကျပ်အထိ ဈေး အသီးသီးမာနေပြီး၊ ဒေသတွင်းနဲ့ မန်းဝယ်လက် အဝယ်ပုံမှန် အဆွဲရှိလို့ တစ်ရက် အိတ် ၅၀၀ မှ ၇၀၀ ကြား အရောင်းအဝယ် ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။
       ငုံနီဈေးကွက်မှာတော့ ယခုတစ်ပတ်မှာ တစ်တင်း ၄၁၇၀၀ ကျပ် ဝန်းကျင်အထိ ဈေးဆက်လက်အေးနေကာ ကြောက်ရောင်း ကြောက်ဝယ်ဆိုသလို ကျဈေးကြောက်လို့ ရောင်းသူရှိသလို၊ ဈေးကျလို့ လှောင်ဖို့ဝယ်သူလည်း ရှိခဲ့ တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ကျဈေးနဲ့ အေးနေတဲ့ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုလည်း  မငြိမ်သက်ခဲ့လို့ တစ်ရက်ကို အိတ် ၃၀၀၊ ၅၀၀၊ ၁၀၀၀ ပုံမှန်မဟုတ်ဘဲ ဖြစ်နေတယ်လို့ ကုန် သည်ရပ်ကွက်က ဆိုပါ တယ်။ စိမ်းကြီးဈေးကွက်အနေနဲ့လည်း ပဲအရည်အသွေး နိမ့်ကျလို့ ပြည်ပဝယ်လက် မရှိသလောက် ပါးခဲ့ကာ၊ ဒေသခံ ကုန်သည်လှောင်လက် အနည်းငယ်သာ ဝယ်ယူမှုရှိနေလို့ တစ်ရက် အိတ် ၃၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကာ ယခုတစ် ပတ်အတွင်း တစ်တင်း ၂၅၀၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်အထိ ပေါက်ဈေး အေးသွားခဲ့တာ တွေ့ရပါတယ်။
       ယခုတစ်ပတ် မတ်ပဲ ဈေးကွက်မှာ ဒေသခံနဲ့ ပြည်တွင်း ဝယ်လက် ပုံမှန်ရှိခဲ့ပြီး၊ ပေါက်ဈေးအားဖြင့် ပဲအမျိုးအစားအရ တစ်တင်း ၄၈၀၀၀ကျပ်၊ ၅၀၀၀၀ ကျပ်နဲ့ ၅၂၀၀၀ ကျပ် အသီးသီး ဈေးငြိမ်နေပြီး၊ တစ်ရက်အိတ် ၂၀၀ ခန့်  ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကျန်ဒေသသုံး ပဲလက်လီဈေးကွက်အနေနဲ့ ပဲအများ စု ဆက်လက် ငြိမ်သက်နေခဲ့ရာ  စွန်တာနီ တစ်တင်း ၁၄၅၀၀ ကျပ်၊ ပဲနီလုံးကြား ၁၆၅၀၀ကျပ်၊ ပဲကြီး ၂၆၀၀၀ ကျပ်၊ မလွမ်းပို ၁၆၀၀၀ ကျပ်၊ ပုဂံပဲ ၁၇၅၀၀ကျပ်၊ မြေထောက်ပဲ ၁၈၀၀၀ ကျပ်နဲ့ ပဲယင်း ၁၆၅၀၀ ကျပ် အသီးသီး ပေါက်ဈေးဖြစ်ခဲ့ကာ ပဲတစ်မျိုးလျှင် တစ်ရက် အိတ် ၁၅၀ မှ ၃၀၀ ကြား အရောင်း အဝယ် ပုံမှန်သာ ဖြစ်ခဲ့တယ်လို့  မုံရွာကုန်စည် ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင် (မုံရွာ)

Local Trade News

Pages