ပြည်ဈေးကွက်တွင်မန်ကျည်းမှည့်အရောင်းအဝယ်အေးပြီး မန်ကျည်းသီးစိမ်းအရောင်းအဝယ်သွက်နေ

Tue, 08/16/2016 - 08:36 -- admin_ygn

    ပြည်မန်ကျည်းမှည့် ပွဲရုံများတွင် သြဂုတ်လ (ဒုတိယပတ်)အတွင်း မန်ကျည်းမှည့် ဈေးအတက်အကျမရှိသလို အရောင်းအဝယ်တွေလည်း အတော်လေးအေးနေပါတယ်။ ပြည်မြို့အတွင်း မိုးများနေသောကြောင့် အရောင်းအဝယ် ေ အးနေပါတယ်။ မိုးတွင်းကာလ အသီးအရွက်များ စိမ်းစိုလတ်ဆတ်လျက်ရှိပြီး အသီးအနှံ ဈေးပေါချိန်ဖြစ်၍ ရာသီပေါ် မန်ကျည်းသီးစိမ်းကတော့ အတော်လေး  အရောင်းအဝယ် သွက်လျက်ရှိနေပါတယ်။ ယခုတစ်ပတ် (ပွဲရုံဈေး) မန် ကျည်းမှည့် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ဈေး နှင့် လက်လီတစ်ပိဿာ ၃၀၀၀ ကျပ် ဈေးတို့ဖြင့် ဈေးငြိမ်နေကြောင်း တွေ့ရ ပါတယ်။ မန်ကျည်းသီးစိမ်း တစ်ပိဿာ ၂၂၀၀ ကျပ် (လက်ကားဈေး) ဖြစ်ပြီး လက်လီဈေးကတော့ တစ်ပိဿာ  ကျပ် ၃၀၀၀ ဈေးသာရှိပါတယ်။ မန်ကျည်း မှည့် အရောင်းအေးပေမယ့် မန်ကျည်း သီးစိမ်းကတော့ နေ့စဉ်အရောင်း အဝယ်သွက်ကြောင်းလည်း သိရပါ တယ်။

 

နီနီဝင်း

Local Trade News

Pages