ကုန်သွယ်ရေးစခန်းများမှရော ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှပါ ယခုတစ်ပတ် ဆန်ပိုမိုတင်ပို့

Tue, 08/16/2016 - 06:53 -- admin_ygn

    သြဂုတ်လ ပထမပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၉၄၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၆၂၄၆ တန် တင်ပို့ခဲ့ပါ တယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၄၅၈၅ တန်နဲ့ ဧည့်မထ ဆန် တန် ၁၂၀၀ ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစန်းမှ ငစိန်ဆန် ၁၅၄ တန်ကျော် နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၀၃၀၇ တန် တင်ပို့ခဲ့ပါတယ်။ ဇူလိုင်နောက်ဆုံးပတ်က တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၂၉၁၅ တန် ပိုမိုတင် ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ ဆန်သာမက ဆန်ကွဲပါ ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။
    မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တန်ချိန် ၇၅၀၊ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ ၅၂၄ တန် ၊ စုစုပေါင်း ၁၂၇၄ တန် တင်ပို့ပြီး တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သုည ဒသမ ၄၁၄ သန်း ဖြစ်ပါတယ်။  ယခင်တစ်ပတ် တင် ပို့မှုထက်  ၃၄၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက် အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၃ သန်းတန်ဖိုးရှိ ဆန်ဖြူ နဲ့ ပေါင်းဆန် ၁၁၈၆၆ တန် တင်ပို့ခဲ့ရာ အီးယူနိုင်ငံများသို့ ပေါင်းဆန်တန် ၆၀၀ နဲ့ ဧည့်မထဆန် ၂၁၆တန် ၊ တရုတ်နိုင်ငံသို့ ဧည့်မထဆန် တန်၇၅၀ ၊ စင်ကာပူ နိုင်ငံသို့ ဧည့်မထဆန် တန် ၁၀၀၀၀၊ အစ္စရေးနိုင်ငံသို့  ငစိန်ဆန် ၂၇၅ တန်၊ ရုရှားနိုင်ငံသို့ ပေါင်း ဆန် ၁၀ တန်၊ ဧည့်မထဆန် ၁၀ တန်၊ ငစိန်ဆန် ၃ တန်နဲ့ ပေါ်ဆန်းဆန် ၂ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။
     ယခင်တစ်ပတ်တင်ပို့မှုထက် ၂၃၃တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆန်ကွဲ တင်ပို့မှု မှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၇၈ သန်းတန်ဖိုးနဲ့ တန်ချိန် ၂၄၇၅ တန် ဖြစ်ခဲ့ပါတယ်။ အီးယူနိုင်ငံများသို့ ၁၆၂၅ တန်နဲ့ စင်ကာပူ နိုင်ငံသို့ တန် ၈၅၀ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုနဲ့  နှိုင်းယှဉ်ပါက ၃၉၉၆ တန် လျော့နည်းခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ဧပြီ ၁ ရက်မှသြဂုတ် ၅ ရက်အထိ အမေရိကန် ဒေါ်လာ ၁၀၀ ဒသမ ၇၃၃ သန်းတန်ဖိုးရှိ မြန်မာ့ဆန်မျိုးစုံ တန်ချိန် ၂၈၂၅၃၇ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၁၀၄ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၉၉၂၃၆ တင်ပို့ထားပြီး ဖြစ်ပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages