၂၀၁၃ ခုနှစ်မတ်လအတွင်း ပို့ကုန်တိုးမြှင့်တင်ပို့နိုင်တဲ့ အိန္ဒိယ

Tue, 05/07/2013 - 08:08 -- admin

၂၀၁၂ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံရဲ့ပို့ကုန်မှာတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၈ ဒသမ ၈ ဘီလီယံတင်ပို့ နိုင်ခဲ့ပြီး ယခုနှစ် ၂၀၁၃ ခုနှစ် မတ်လတွင်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၀ ဒသမ ၈ ဘီလီယံ တင်ပို့နိုင်ခဲ့သဖြင့် ယခင်နှစ် ကာလတူထက် ၆ ဒသမ ၉၇ ရာခိုင်နှုန်း ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈၃ ဒသမ ၃ ဘီလီယံကုန်သွယ်မှု လိုငွေပြခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉၀ ဒသမ ၉၁ ဘီလီယံလိုငွေပြခဲ့သဖြင့် ကုန်သွယ်မှုလိုငွေပြမှုပိုမိုခဲ့ကြောင်း သိရှိရပါတယ်။ ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်အတွက် အိန္ဒိယအစိုးရမှလည်း EPCG အစီအစဉ်များပါဝင်တဲ့ အထူးစီးပွားရေး ဇုန်အတွက်  နိုင်ငံခြားကုန်သွယ်မှုမူဝါဒများ Foreign Trade Policy -FTP ကိုထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုမှာ၂၀၁၃ မတ်လတွင် ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့သဖြင့် အနီးစပ်ဆုံး လများဖြစ်တဲ့  ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများနဲ့ နှိုင်းယှဉ်ပါက ပို့ကုန်တင်ပို့မှု အလားအလာ ကောင်းများဖြစ်ပေါ်ခဲ့ ပါတယ်။ ယင်းကဲ့သို့ အလားအလာကောင်း များကို ဆက်လက်ထိန်းသိမ်းအကောင်အထည်ဖော်ဆောင်ရွက် နိုင်ပါက ပို့ကုန် ကုန်သွယ်မှုပိုမိုတောင့်တင်းခိုင်မာစွာရပ်တည်နိုင်ပြီး ယခုဘဏ္ဍာနှစ်တွင်လည်း ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာ နိုင်ဖွယ် ရှိကြောင်း အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန အတွင်းရေးမှူး S R Rao မှ အိန္ဒိယ Business Today သိပေသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်  Rao မှ ကုန်သွယ်မှုလိုငွေပြမှုနဲ့ ပတ်သက်ပြီး လိုငွေပြမှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ရတဲ့ အဓိက အားနည်းချက်များကို ခြုံငုံသုံးသပ်လေ့လာကာ နောင်လာမဲ့  ၃-၄  လကာလများတွင် ပြုပြင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
A T (mdy)

International Trade News

Pages