၂၀၁၃ ခုနှစ်တွက် တရုတ်၏ စီးပွားရေးတိုးတက်နှုန်း မျှော်မှန်းချက်များစွာ မြင့်မားမှု မရှိသောကြောင့် ရော်ဘာဝယ်လိုအား သိသိသာသာတိုးတက်မည့် အလားအလာမရှိဟု ခန့်မှန်း

Tue, 05/07/2013 - 04:09 -- admin

ရော်ဘာဈေးနှုန်းများ ၂ လကျော်ကာလအတွင်း အနိမ့် ဆုံးကိုရောက်ရှိကာ တစ်တန်ကို ဒေါ်လာ ၃၀၀၀ အောက်မှာ အရောင်းအဝယ်ဖြစ်နေခြင်းက ဝယ်လိုအားကို ပြန်လည်ဆွဲ ဆောင်နိုင်ခဲ့တယ်လို့ သိရတယ်။ ဒါကြောင့် မတ်လ ၅ ရက်နေ့မှ စပြီးရော်ဘာဈေးနှုန်းများပြန်လည် ဦးမော့လာတယ်။ မတ်လ ၄ ရက်နေ့က တစ်တန်ကို ၂၉၆၆ ဒသမ ၅၀ ဒေါ်လာမှာသာ အရောင်းအဝယ်ဖြစ်နေတဲ့ ထိုင်းရော်ဘာ RSS – 5  (မှိုင်းခံ ရော်ဘာ အဆင့် - ၅) ဟာ မတ်လ ၁၁ ရက်နေ့မှာ ၃၀၄၂ ဒသမ ၅၀ ဒေါ်လာအထိ မြင့်မားလာတယ်။ မလေးရှားရော်ဘာ SMR 20  (Standard Malaysia Rubber) ကလည်း တစ်တန်ကို ၂၈၂၇ ဒေါ်လာမှ ၂၉၀၇ ဒသမ ၅၀ ဒေါ်လာ မြင့်မား လာတယ်။ ရော်ဘာထုတ်လုပ်မှု အများဆုံးနိုင်ငံတွေမှာ ရော်ဘာ ထွက်နှုန်းကျဆင်းတဲ့ ခြောက်သွေ့တဲ့ရာသီ ရောက်လာခြင်း၊ အမေရိကန်ရဲ့ အလုပ်အကိုင်ခန့်ထားမှုနှုန်းတိုးတက်လာခြင်း၊ ကမ္ဘာ့စံသတ်မှတ်ရော်ဘာဈေးကွက်ရှိရာဂျပန်နိုင်ငံရဲ့ ယန်းငွေ တန်ဖိုးကျဆင်းခြင်းနဲ့ ကမ္ဘာ့ရော်ဘာ ထုတ်လုပ်မှုအများဆုံး နိုင်ငံတွေမှာ ပါဝင်တဲ့ မလေးရှားနိုင်ငံရဲ့ ရင်းဂစ်ငွေတန်ဖိုးကျ ဆင်းခြင်းတို့က ရော်ဘာဈေးနှုန်းကို အထောက်အပံ့ပေးနေတယ်လို့ သိရတယ်။ လောလောဆယ်ရော်ဘာဈေးနှုန်း ပြန်လည်ဦးမော့လာ သော်လည်း ဝယ်လိုအားများစွာမရှိကြောင်း သိရတယ်။ ယခုနှစ်အတွင်း ရော်ဘာဈေးနှုန်းများ ၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးဖြစ်တယ်။ တရုတ်နဲ့ ဂျပန်တို့ရှိ ရော်ဘာသိုလှောင် ရုံတွေမှာ ရော်ဘာသိုလှောင် ထားရှိမှု မြင့်မား လာခြင်းက ရော်ဘာဈေးနှုန်းအပေါ် ဖိအားဖြစ်စေတယ်လို့ သိရတယ်။ ကမ္ဘာ့ရော်ဘာသုံးစွဲမှု အများဆုံးတရုတ်နိုင်ငံရှိ ရှန်ဟိုင်း ကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဖေဖော်ဝါရီလကုန်ပိုင်း ရော်ဘာ သိုလှောင်ထားမှုပမာဏက တန်ချိန်ပေါင်း ၁၀၃၂၉၉ အထိ ရောက်ရှိနေရာ ၂၀၁၀ ခုနှစ် မတ်လနောက်ပိုင်းအမြင့်ဆုံး ပမာဏဖြစ်တယ်။ ဂျပန်နိုင်ငံရှိ   TOCOM ရော်ဘာရောင်း ဝယ်ရေးမှာလည်း ယခုနှစ်ရော်ဘာသိုလှောင်မှု နှစ်ဆမြင့်မားကာ တန်ချိန် ၈၆၅၉ အထိ ရောက်ရှိလာတယ်လို့ သိရတယ်။
ဒါ့ကြောင့် ရော်ဘာဈေးနှုန်းမြင့်မားမှု ကာလကြာရှည်မှု မရှိနိုင်ကြောင်း ၊ ကမ္ဘာ့ရော်ဘာဈေးနှုန်းကို တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ စီးပွားရေးအချက်အလက်များက များစွာလွှမ်းမိုးလျက်ရှိကြောင်း သိရတယ်။ တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်းကို ၇ ဒသမ ၅ ရာခိုင်နှုန်းလိ့ု ရည်မှန်းထားပြီး ငွေကြေး ဖောင်းပွနှုန်းကို ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိမယ်လို့ လျှော့ချခန့်မှန်းထားကြောင်း ဝမ်ကျားပေါင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ၂၀၁၃ ခုနှစ်အတွက် တရုတ်ရဲ့ စီးပွားရေးတိုးတက်နှုန်း မျှော်မှန်းချက်များစွာ မြင့်မားမှုမရှိတာကြောင့် ရော်ဘာဝယ်လိုအား သိသိသာသာ တိုးတက်မယ့် အလားအလာ မရှိကြောင်း ခန့်မှန်းကြတယ်။
ပပ

International Trade News

Pages