ဆန်နှင့် ဂျုံတင်ပို့မှုကြောင့် အိန္ဒိယပို့ကုန်ကဏ္ဍကို ဝင်ငွေမြင့်မားစေခဲ့

Tue, 05/07/2013 - 08:41 -- admin

၂၀၁၂-၁၀၁၃ ဘဏ္ဍာနှစ်(ဧပြီ-မတ်)ကာလတွင်း အိန္ဒိယနိုင်ငံရဲ့ ပြည်ပသို့တင်ပို့မှုက  ကဏ္ဍအသီးသီးမှာ ခက်ခဲခဲ့သော်လည်း လယ်ယာစိုက်ပျိုးရေးသီးနှံများကို တိုးတက်တင်ပို့နိုင်ခဲ့ခြင်းကြောင့် ပြည်ပသို့တင်ပို့မှု ထွန်းတောက်ခဲ့တယ်။ အဓိကမှာ ဆန်နဲ့ ဂျုံကို အများဆုံးတင်ပို့ခဲ့ရခြင်းက ပို့ကုန်ဝင်ငွေကို  များစွာတိုးတက်စေခဲ့တယ်လို့ သိရတယ်။ အိန္ဒိယနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍ အသီးသီးမှာ တင်ပို့မှု ကျဆင်းခြင်းကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ တင်ပို့နိုင်မှုက ယခင်ဘဏ္ဍာနှစ်ထက် ၁ ဒသမ ၇၆ ရာခိုင်နှုန်း ကျဆင်းပြီး ကန်ဒေါ်လာ ၃၀၀ ဒသမ ၆၀ ဘီလီယံသာ တင်ပို့နိုင်ခဲ့တယ်။ ကုန်သွယ်မှုလိုငွေပြခြင်းက ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ကန်ဒေါ်လာ ၁၈၃ ဒသမ ၄ ဘီလီယံရှိခဲ့သော်လည်း  ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ၄ ရာခိုင်နှုန်း ပိုမိုပြီး ကန်ဒေါ်လာ ၁၉၀ ဒသမ ၉၁ ဘီလီယံထိရှိလာကြောင်း အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Anand Sharma က ပြောကြားတယ်။ ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်းက မိမိတို့ရဲ့ ပို့ကုန်ကဏ္ဍကို အားနည်းစေခဲ့တယ်လို့လည်း ၎င်းက ဝေဖန်ပြော ကြားခဲ့တယ်။ ဒါပေမဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ကကဲ့သို့ ကြီးထွားဆဲဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်မှာ ဂျုံကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ်မှာ ဘာစမာတီမဟုတ်တဲ့ ဆန်ကိုလည်းကောင်း ပြည်ပကို တင်ပို့မှု ပိတ်ပင်ထားခြင်းကို အသီးသီးဖယ်ရှားပေးလိုက်ခြင်းက အိန္ဒိယကို ကမ္ဘာ့နံပါတ်(၁) ဆန်တင်ပို့သူနဲ့ ကမ္ဘာ့နံပါတ် (၂) ဂျုံတင်ပို့သူနေရာကို ရောက်ရှိလာစေခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ဆိုပါတယ်။ ယခင်နှစ်က လယ်ယာထွက်ကုန်များ အထွက်နှုန်းတိုးတက်ကြီးထွားခဲ့ခြင်းကြောင့် ပဲနဲ့ ဆီအုန်းမှအပ ကျန်ထွက်ကုန်ပစ္စည်းများအားလုံးကို ပို့ကုန်အခွန်ကင်းလွတ်ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့လည်း အိုင်တီကဏ္ဍထုတ်လုပ်မှု နဲ့ဝန်ဆောင်မှုကဏ္ဍများအတွက် ပြုလုပ်ခဲ့တယ်၊ ဆန်ပို့ကုန်လုပ်ငန်းရှင်များအတွက် မည်သည့်မက်လုံးပေး ဆွဲဆောင်မှုများပြုလုပ်ခဲ့မှုကို ဝန်ကြီးအနေနဲ့ ဖော်ပြပြောဆိုခဲ့ခြင်း မရှိကြောင်း သိရတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ၂၀၁၂ ခုနှစ်မှာ ဆန်တန်ချိန် ၁၀ ဒသမ ၃ သန်းအထိ မှတ်တမ်းဝင်တင်ပို့ခဲ့ရပြီး ကမ္ဘာ့နံပါတ်တစ် ဆန်တင်ပို့တဲ့ နေရာကို ပထမဦးဆုံးရောက်ရှိခဲ့ရတယ်။ အိန္ဒိယနိုင်ငံက ဘာစမာတီမဟုတ်တဲ့ ဆန်တင်ပို့မှု ပိတ်ပင်ထားခြင်းကို ဖယ်ရှားလိုက်တဲ့ ၂၀၁၁ ခုနှစ် စက်တင်တင်ဘာလမှစပြီး ကမ္ဘာ့ဆန်ဈေးကွက်မှာ ဈေးကွက် ရှယ်ယာကျယ်ကျယ်ပြန့်ပြန့် ရရှိထားတဲ့အနေအထားမှာ ရောက်ရှိနေကြောင်း အမေရိကန်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဌာနက ပြောကြားတယ်။
Source : oryza.com                                   
စန္ဒာပျို

International Trade News

Pages