ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ သန်း၇၆၀ ကျော် ဗီယက်နမ်နိုင်ငံမှ ရရှိနိုင်

Tue, 05/07/2013 - 08:27 -- admin

ဗီယက်နမ်စားသောက်ကုန်အသင်း (Vietnam Food Association -VFA)  က ယခုနှစ်တွင် ဆန်တင်ပို့မှုမှ ကန် ဒေါ်လာ သန်း ၇၆၀ ကျော် ရရှိနိုင်မယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ဆန်အိုးကြီးဖြစ်တဲ့ မဲခေါင်မြစ်၀ ဒေသမှ ဆန်ဈေးဟာ ၁ ကီလိုဂရမ်ကို သုည ဒသမ ၀၅ ဒေါ်လာ ကျဆင်းလျက်ရှိရာ စပါး ၁ ကီလိုကို ကန်ဒေါ်လာသုည ဒသမ ၂၅ဒေါ်လာ ဝန်းကျင် ဈေးပေါက်လျက် ရှိပါတယ်။ ၂၀၁၃ ဆောင်းသီးနှံမှ စပါးတန် ၁၀ဒသမ ၅ သန်းကျော် ထွက်ရှိနိုင်မည်ဖြစ်ကြောင်းနဲ့ စိုက်ပျိုးမြေ ၄၈၀၀၀၀ ဟက်တာမှာ စိုက်ပျိုးထားတယ်လို့ VFA က ဆိုပါတယ်။
ဆန်ထုတ်လုပ်မှု တည်ငြိမ်စေရန်နဲ့ တောင်သူများ ရသင့်ရထိုက်တဲ့ အကျိုးအမြတ်များ ရရှိစေရန် မဲခေါင်မြစ်ဝှမ်းဒေသမှာ စပါးတန် ၄ သန်းသိုလှောင်နိုင်မဲ့ သိုလှောင်ရုံများ လိုအပ်လျက်ရှိပြီး  ၂၀၁၃ နှစ်ကုန်ပိုင်းတွင်မှ လိုအပ်ချက်များ ပြည့်စုံနိုင်ခြေရှိမယ်လို့ VNA/VOV Online သတင်းများမှာ ဖော်ပြထားပါတယ်။
Source: VNA/VOV,CMK

International Trade News

Pages