ဂျုံလေလံဈေးနည်း၍ တင်ဒါ သုံးခု အိန္ဒိယအစိုးရ ပယ်ဖျက်

Tue, 05/07/2013 - 03:56 -- admin

ကမ္ဘာ့ဂျုံဈေးနှုန်းကျဆင်းနေခြင်းကြောင့် အိန္ဒိယနိုင်ငံအနေနဲ့  ဂျုံတင်ပို့ရန် တင်ဒါ ၉၃ ခု၊ စုစုပေါင်း တန်ချိန် ၁၆၀ယ၀၀၀ ကို ပယ်ဖျက်ခဲ့တယ်လို့ ဌာနဆိုင်ရာနဲ့ ကုမ္ပဏီအကြီးအကဲများက မတ်လ ၄ ရက်နေ့က ပြောကြားတယ်။ အိန္ဒိယအစိုးရပိုင်ရောင်းဝယ်ရေး ကုမ္ပဏီ MMTC က ဂျုံတန်ချိန် ၁၆၀ယ၀၀၀ ကို တင်ဒါသုံးခုနဲ့ ခေါ်ဆိုခဲ့ရာ အမြင့်ဆုံးလေလံရရှိမှုဈေးက တစ်တန်ကို ကန် ဒေါ်လာ ၃၀၀ - ၃၀၂ ခန့်သာရှိရာ ၎င်းတို့မျှော်မှန်းထား တာထက် ဈေးနှုန်းလျော့နည်းနေကြောင်း တင်ဒါလုပ်ငန်းဆောင်ရွက်တဲ့ အရာရှိကြီးတစ်ဦးကပြောကြားပါတယ်။ ယခင်ကရရှိခဲ့တဲ့ဈေးက ယခုဈေးထက်တစ်တန်ကို ကန်ဒေါ်လာ ၁၀ နီးပါးပိုမို ကာ ယခုဈေးကအလွန်နည်းနေကြောင်း၊ လာမယ့်သီတင်းပတ်အတွင်း တင်ဒါထပ်မံ ခေါ်ယူသွားမှာဖြစ်ကြောင်းလည်းပြောကြားတယ်။ ကမ္ဘာ့ဂျုံရောင်းဝယ်ရေးကုမ္ပဏီ ကြီးများက အရှေ့အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းရှိ ၎င်းတို့ဖောက် သည်များရဲ့ ဝယ်လိုအားကို ပြည့်မီဖို့အတွက် အိန္ဒိယဂျုံကိုများစွာ မှီခိုနေကြပါတယ်။ အိန္ဒိယကလည်း အစိုးရဂိုဒေါင်များကို လက်ကျန်များ တိုးတက်စုပုံချိန် ၇၀၀ယ၀၀၀ အထိ တင်ပို့ရောင်းချ ရမယ်လို့ ကုန်သည်များက ပြောကြားတယ်။ လေလံပယ်ဖျက်လိုက်ခြင်းက သင်္ဘောတင်ပို့မှုကို နှောင့်နှေး သွားစေပြီး အစိုးရက မျှော်မှန်းတဲ့အတိုင်း ဈေးနှုန်းမြင့်တက်လာအောင် တွန်းအားပေးနိုင်မယ်လို့လည်း ကုန်သည်များက ဆိုပါတယ်။ အိန္ဒိယဟာ  ဖေဖော်ဝါရီလလယ်လောက်ကစပြီး သီးနှံအသစ်များ ရိတ်သိမ်း ထားပြီဖြစ်ရာ ၎င်းင်းရဲ့ ပိုလျှံနေတဲ့ဂျုံများကို ရှင်းလင်းရမှာဖြစ်တယ်။ အိန္ဒိယအစိုးရမှာ ဂျုံလက်ကျန်သိုလှောင်ထားရှိမှုက ဖေဖော်ဝါရီလဆန်း ပိုင်းအထိမှာ တန်ချိန်ပေါင်း ၃၀ ဒသမ ၈ သန်းရှိပြီး အစိုးရရဲ့ အနိမ့်ဆုံးလက်ကျန် သိုလှောင်မှု စံနှုန်းထက် သုံးဆပိုမိုနေကြောင်း သိရတယ်။                                  
စန္ဒာပျို

International Trade News

Pages