ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လင်ချန်းမြို့ပါတီအတွင်းရေးမှူး မစ္စတာ ယန်ဟောင်တုံး၊ လင်ချန်းမြို့တော်ဝန်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များအား တွေ့ဆုံ

Mon, 06/19/2017 - 09:06 -- adminDep

၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပလျက်ရှိသော ၂၀၁၇ ခုနှစ် တောင်နှင့် အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ပွဲတော်သို့ တက်ရောက်ရန် ရောက်ရှိနေသည့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လင်ချန်းမြို့ပါတီ အတွင်းရေးမှူး မစ္စတာ ယန်ဟောင်တုံး၊ လင်ချန်းမြို့တော်ဝန်နှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ အား လင်ချန်းမြို့ ဟွာရက်ကျွမ်းယင် ယဉ်ကျေးမှုစင်တာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး BAIC Yunnan Ruili Automobile စက်ရုံနှင့် မက်မန်းနယ်စပ်ဂိတ်များသို့ သွားရောက်လေ့လာပြီး နယ်စပ်ဂိတ်များတွင် ဝင်ထွက်သွားလာနေကြသော ပြည်သူများအား တွေ့ဆုံနှုတ်ဆက်