ဒုတိယဝန်ကြီး ဦးအောင်ထူး ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် Master Plan Survey ကိစ္စနှင့်ပတ်သက်ပြီး JICA မှ လာရောက် ရှင်းလင်းတင်ပြသည့် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြား

Thu, 04/27/2017 - 08:28 -- adminDep

၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့(၁၀း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် Master Plan Survey ကိစ္စနှင့်ပတ်သက်ပြီး JICA မှ လာရောက် ရှင်းလင်းတင်ပြသည့် တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား