ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းမှ Thursday Talk ဆွေးနွေးပွဲတွင် နိဂုံးချုပ်အမှာ စကားပြောကြား

Fri, 05/12/2017 - 04:26 -- adminDep

၂၀၁၇ ခုနှစ်၊ မေလ ၁၁ ရက်နေ့ (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် ဦးဟန်လင်းဇော်၊ ဒုတိယညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ “(၁၉) ကြိမ်မြောက်အာဆီယံ ယှဉ်ပြိုင် မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် ကျင်းပပြု လုပ်ခဲ့သည့် အခြေအနေများ ရှင်းလင်းတင်ပြခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဝေရည်ကျော်၊ ဦးစီး အရာရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ “လက်လီရောင်းချသည့် စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် ယှဉ်ပြိုင်မှု ဥပဒေနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ နှိုင်းယှဉ်လေ့လာခြင်းအလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။