ဈေးသက်သာတဲ့ ဆန်အမြောက်အမြား တင်သွင်းခြင်းကြောင့် တရုတ်လယ်သမားနဲ့ ဆန်စက်လုပ်ငန်းရှင်များထိခိုက်

Thu, 05/09/2013 - 10:59 -- admin

တရုတ်နိုင်ငံအတွင်း မျှော်မှန်းမထားတဲ့အထိ ဆန်တင်သွင်းမှု မြင့်တက်လာတာကြောင့် နိုင်ငံအတွင်းရှိ လယ်သမား နဲ့ အသေးစားဆန်စက်လုပ်ငန်းရှင်များ ဆုံးရှုံးမှုနဲ့ရင်ဆိုင်နေရတယ် လို့သိရပါတယ်။ တရားဝင်စာရင်းများအရ ၂၀၁၂ ဇန် နဝါရီလမှ အောက်တိုဘာလအထိ ဆန်တန်ချိန် ၂ သန်းနီးပါး တင်သွင်းခဲ့ရာ ယခင်နှစ်ကာလတူ တင်သွင်းတဲ့ တန်ချိန် ၅ သိန်းရဲ့ ၄ ဆ နီးပါးရှိခဲ့ပါတယ်။ စုစုပေါင်းတင်သွင်းမှုဟာ ၂၀၁၂ မှာ တန်ချိန် ၂ ဒသမ ၆ သန်းနဲ့ ၂၀၁၃ မှာ တန်ချိန် ၂ ဒသမ ၃ သန်းခန့်အထိ ရှိမယ်လို့ ဆိုပါတယ်။ယခုနှစ်အစပိုင်းမှာ တရုတ်အစိုးရ က လုံးပုစပါး အနိမ့်ဆုံး ဝယ်ယူ ရေးကို ၁၇ ရာခိုင်နှုန်းတိုးပြီး၊ တစ်တန်  ကန်ဒေါ်လာ ၃၉၅ သတ်မှတ်ခဲ့ပါတယ်။ တရုတ်အစိုးရအနေနဲ့  ဈေးကွက် ပေါက်ဈေးမှာ အစိုးရသတ်မှတ်တဲ့ အနိမ့်ဆုံး ဝယ်ယူဈေး အောက်ရောက်မှသာ တောင်သူတွေဆီက စပါး ဝယ်ယူတာ ဖြစ်ပါတယ်။   တင်သွင်းမှုမြင့်တက်ခြင်းဟာ ပြည်တွင်းဈေးနဲ့ သက် သာတဲ့တင်သွင်းဆန်ဈေးအကြား ကွာဟမှု ကြီးမားတာကြောင့်လို့ ကျွမ်းကျင်သူတွေ  ဆိုပါတယ်။ FAO  စာရင်းများ အရ တရုတ်နိုင်ငံအတွင်း ရိုးရိုးဆန်ဈေးဟာ  စက်တင်ဘာ လမှာ တစ်တန် ကန်ဒေါ်လာ ၆၂၅ ရှိလို့ ပြီးခဲ့တဲ့ နှစ်ထက် ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ပမာဏဟာ ဗီယက်နမ် အဆင့်မြင့်  ၅ မှတ် ဆန်ဈေး ကန် ဒေါ်လာ ၄၁၅ ထက် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုနေပါတယ်။ ဆန်တင်သွင်း မှုမြင့်တက်ခြင်းဟာပြည်တွင်းဈေးကွက် အတွင်းဆန်ဈေးကို ဆွဲချသလိုဖြစ်နေလို့ပြည်တွင်းလယ်သမားရော အသေးစားဆန်စက်လုပ်ငန်းရှင်တွေရဲ့ဝင်ငွေကို ထိခိုက်စေပါ တယ်။ ပြည်တွင်းလယ်သမားများရဲ့ ပြောကြား ချက်အရ စပါးဝယ်ယူဈေးက ပြီးခဲ့တဲ့နှစ်ထက် ၆ ရာခိုင်နှုန်းခန့် ကျဆင်းပြီး၊ တစ်တန် ကန်ဒေါ်လာ ၄၄၅ သာရှိတယ်လို့ ဆိုပါ တယ်။ ဗီယက်နမ်နဲ့ ပါကစ္စတန်မှ ဈေးသက်သာတဲ့တင်သွင်း ဆန်တွေများစွာ ဝင်ရောက်တာကြောင့်ပြုပြင်ပြီး ဆန်ဈေးကကျဆင်းခဲ့တယ်လို့ ဆန်စက်လုပ်ငန်းရှင်တွေက ဆိုပါတယ်။ ဆန်တင်သွင်းမှုလျှော့ချဖို့ အစိုးရအနေနဲ့ အနိမ့်ဆုံး ဝယ်ယူဈေးကို လျှော့ချ သင့်တယ်လို့ လေ့လာဆန်းစစ် သူများ ကဆိုပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ပြည်တွင်းဝယ်လိုအား က တန်ချိန် ၁၃၉ ဒသမ ၅ သန်းခန့်နဲ့ ပြည်တွင်း ထုတ်လုပ်မှု တန်ချိန် ၁၄၀ ဒသမ ၇ သန်းနီးပါးဖြစ်လို့ ဝယ်ယူဈေးလျှော့ချ ပေးခြင်းဖြစ်လာဖွယ်မရှိကြောင်း၊ အနာဂတ်ကာလမှာ တရုတ်နိုင်ငံ ဟာ ပြည်တွင်းထုတ်ဆန်ထက်တင်သွင်းလာမယ့် ဆန် ကိုပဲ စားသုံးမှု မြင့်တက်လာနိုင်ကြောင်းသုတေသီများရဲ့ သုံး သပ်ချက်ကို ချိုင်းနားဒေးလီး သတင်း စာမှာ ဖော်ပြထားပါတယ်။

Ref :Posted on 26 December, 2012