၅-၂-၂ဝ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ဘုတ်အဖွဲ့နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ ကျင်းပရန်ရှိ

Thu, 05/16/2013 - 05:19 -- admin

အင်္ဂါနေ့ ၂၉ ဇန်နဝါရီလ ၂၀၁၃ 16:24 AM

ထိုင်းနိုင်ငံ Thailand Board of Investment (BOI)မှ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာ နိုင်ငံတွင် ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နံှမှုများ တိုးမြှင့် ဆောင်ရွက်ရန် အတွက် ဖေဖော်ဝါရီလ ၃ ရက်မှ ၆ ရက် အတွင်း ရန်ကုန်မြို့သို့ လာရောက် ကြမယ်လို့ သိရှိရပါတယ်။ ၎င်းတို့ ရန်ကုန်မှာ ရောက်ရှိ နေစဉ် ကာလ အတွင်း ဖေဖော်ဝါရီလ ၅ ရက်နေ့ ၁၄းဝဝ ချိန်တွင် ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ Chatrium Hotel မှာ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲ ကျင်းပရန် ရှိတယ်လို့ သတင်း ရရှိပါတယ်။

Thailand Board of Investment (BOI)ရဲ့ ထိုင်း စီးပွားရေး ကိုယ်စားလှယ် အဖွဲ့မှာ လယ်ယာ စိုက်ပျိုးရေး ထွက်ကုန် လုပ်ငန်း၊ တိရိစ္ဆာန် အစားအစာ လုပ်ငန်း၊ မော်တော် ကားနှင့် အပိုပစ္စည်း လုပ်ငန်း၊ ဓာတုဗေဒ လုပ်ငန်း၊ အလှကုန် လုပ်ငန်း၊ လျှပ်စစ် ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ လုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်ငန်း၊ စွမ်းအင်နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်း၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် လုပ်ငန်း၊ စက်မှု စွန့်ပစ် ပစ္စည်း သန့်စင်ရေး လုပ်ငန်း၊ ဓာတ်ခွဲခန်းနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှု လုပ်ငန်းများ၊ စက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း၊ ထုတ်ပိုးမှု လုပ်ငန်း၊ စက္ကူ ထုတ်လုပ်သည့် လုပ်ငန်း၊ ပိုက်နှင့် ပိုက်ဆက် လုပ်ငန်း၊ ပလပ်စတစ် လုပ်ငန်း၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း၊ ရော်ဘာ လုပ်ငန်း၊ ပိုးချည်မျှင် ထုတ်လုပ်သည့် လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ ဆေးဝါးနှင့် ဆေးရုံသုံး ပစ္စည်း လုပ်ငန်း အစရှိတဲ့ လုပ်ငန်း အမျိုးမျိုးကို လုပ်ဆောင်ကြသူများ ပါဝင် ကြပါတယ်။ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် ရင်းနှီး မြှုပ်နံှမှု အခွင့်အလမ်း များကို တွေ့ဆုံ ဆွေးနွေးရန် ရည်ရွယ်ပြီး စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံ ဆွေးနွေးပွဲ Business Matching ကို ကျင်းပတာ ဖြစ်ပါတယ်။

ထိုင်း ကိုယ်စားလှယ် အဖွဲ့ကို ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ဘုတ်အဖွဲ့ (BOI)မှ ဒုတိယ အထွေထွေ အတွင်းရေးမှူး Mrs.Vasana Mut Jtanont က ဦးဆောင်ပြီး BOI မှ ရင်းနှီးမြှုပ်နံှမှု တိုးမြှင့်ရေး အရာရှိ ၄ ဦးနဲ့ စီးပွားရေး လုပ်ငန်းရှင် ၅၆ ဦး အဖွဲ့တွင် လိုက်ပါ လာတယ်လို့ သိရှိ ရပါတယ်။

စိတ်ပါဝင်စား သူများ အနေနဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်သို့ ဆက်သွယ် နိုင်သလို ၅-၂-၂ဝ၁၃ နေ့မွန်းလွဲ ၁၄းဝဝ ချိန်မှာ Chatrium Hotel မှာကျင်းပမဲ့ Business Matching သို့ တက်ရောက်နိုင်ရေး အသိပေး လိုက်ရပါတယ်။

တင်ပြသူ --- CMK