မွန်တို့ ဌာနေ ရာမည တွင် “ကုန်သွယ်မှု နည်းလမ်း၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပ

Thu, 05/16/2013 - 05:00 -- admin

အင်္ဂါနေ့၊ ၂၂ ဇန်နဝါရီလ ၂၀၁၃ 14:34 PM


မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း၏ ပံ့ပိုးမှုဖြင့် မွန်ပြည်နယ် ကွန်ပျူတာ လုပ်ငန်းရှင် အသင်းမှ ဦးဆောင် ကျင်းပသော မွန်ပြည်နယ်၏ ကုန်သွယ်မှု နည်းလမ်း၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ” ဆွေးနွေးပွဲ အား (၁၉-၁-၂၀၁၃) ရက်နေ့ နေ့လည် (၂)နာရီ မှ (၅)နာရီ ထိ Mawlamyine Stand Hotel တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။ ဆွေးနွေးပွဲ တွင် ကုန်သည် လုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများ အနေဖြင့် နိုင်ငံတော်မှ ချမှတ် ကျင့်သုံး လာသော မူဝါဒများနှင့် အညီ တရားဝင် ကုန်သွယ်မှုများ ပြုလုပ်ရာတွင် သိရှိ ရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ နှင့် အထွေထွေ ဗဟုသုတများကို လေ့လာ သိရှိ နိုင်စေရန် နှင့် လိုအပ်သော စာရွက် စာတမ်းများ၊ ဥပဒေ၊ နည်းဥပဒေများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အား သိရှိနိုင် စေရန် အတွက် မြန်မာနိုင်ငံ ဂဏန်းလုပ်ငန်းရှင် အသင်း ဥက္ကဌ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဌ ၊ မြန်မာနိုင်ငံ ကုန်သည်/ စက်မှု အသင်းချုပ် တွဲဖက် စာရင်းစစ်/ ဗဟို အလုပ်အမှုဆောင် ဦးနှင်းဦး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦး နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေပညာရှင် ဦးသိန်းညွှန့် တို့မှ ဦးဆောင်ဆွေးနွေးမှု (“Panel Discussion”) ပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်များ ၊ ဒေသခံ ပြည်သူများ စုစုပေါင်း (၇၀)ကျော်ခန့် တက်ရောက်ဆွေးနွေးပြီး သိလိုသည်များအား မေးမြန်းခဲ့ကြကြောင်း သိရှိရပါသည်။

စရအ(နယ်စပ်/ဦးစီး)