ပို့ကုန် သွင်းကုန် လုပ်ထုံး လုပ်နည်း ရက်တို သင်တန်းဖွင့်

Thu, 05/16/2013 - 05:23 -- admin

ဗုဒ္ဓဟူးနေ့ ၂၇ ဖေဖော်ဝါရီလ ၂၀၁၃ 16:05 PM

ပြည်ပ နိုင်ငံများနဲ့ ကုန်သွယ်မှု ပြုလုပ် နေတဲ့ တိုင်းရင်းသား လုပ်ငန်းရှင် ကုန်သည်များ၊ ပို့ကုန် သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ရာမှာ အဆင်ပြေ ချောမွေ့စေရေး အတွက် ပို့ကုန် သွင်းကုန် လုပ်ထုံး လုပ်နည်း ရက်တို သင်တန်း များအား ပြည်နယ် တိုင်း ဒေသကြီးများ အလိုက ်ဖွင့်လှစ် ပို့ချ ပေးလျက် ရှိပါတယ်။

ပို့ကုန် သွင်းကုန် လုပ်ထုံး လုပ်နည်း ရက်တို သင်တန်းကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကိုျင်းတုံမှာ ဖေဖော်ဝါရီလ ၂ဝ ရက်မှ မတ်လ ၁ ရက် နေ့ထိ ဖွင့်လှစ် သွားမယ်လို့ သိရ ပါတယ်။ သင်တန်းမှာ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာန၊ နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန၊ မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး၊ အကောက်ခွန် ဦးစီး ဌာန၊ ပြည်တွင်း အခွန်များ ဦးစီး ဌာန၊ ရင်းနှီး မြှုပ်နံှမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန၊ အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီး ဌာန၊ စိုက်ပျိုးရေး ဦးစီး ဌာန၊ သစ်တော ရေးရာ ဦးစီး ဌာန၊ မြန်မာ့ စီးပွားရေး ဘဏ်၊ မြန်မာ နိုင်ငံခြား ကုန်သွယ်မ ဘဏ် တို့မှ ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင် သူများက ပို့ချပေး သွားမှာ ဖြစ်ပါတယ်။

သင်တန်းမှာ ကုန်သွယ်မှု မူဝါဒနဲ့ လုပ်ထုံး လုပ်နည်းများ၊ ပို့ကုန် သွင်းကုန် ဆိုင်ရာ မူဝါဒနှင့် လုပ်ထုံး လုပ်နည်းများ၊ လိုင်စင် လျှောက်ထားပုံ အဆင့်ဆင့်၊ ပို့ကုန် လိုင်စင် လျှောက်ထား ရာမှာ Sale Contract/ Invoice တို့မှာ ပါဝင်ရမဲ့ အချက်များ၊ လိုင်စင် ထုတ်ပေးပုံ အဆင့်ဆင့်၊ သင်တန်းသားများနဲ့ အပြန် အလှန် ဆွေးနွေးခြင်း၊ သစ်တောထွက် ပစ္စည်းများ ကာကွယ် ထိန်းသိမ်း ခြင်းနဲ့ အရေးယူခြင်း၊ CITES ပါမစ် ထုတ်ပေးခြင်း ၊ Transit Trade Incoterms ပင်ရင်း ဒေသ စည်းမျဉ်းနဲ့ ပင်ရင်း ဒေသ သက်သေခံ လက်မှတ် ထုတ်ပေးခြင်း၊ ထုတ်ကုန် သွင်းကုန် မှတ်ပုံတင်ခြင်းနှင့် သက်တမ်း တိုးခြင်း၊ စားသုံးသူ အကာ အကွယ် ပေးရေး၊ အကောက်ခွန် ဆိုင်ရာ လုပ်ထုံး လုပ်နည်း များနဲ့ အကောက်ခွန် ဥပဒေများ၊ Single Window System နဲ့ ဆိပ်ကမ်းများမှ တင်ပို့ တင်သွင်းမှု စနစ်များ၊ ကုမ္ပဏီ မှတ်ပုံ တင်ခြင်းနဲ့ သက်တမ်း တိုးခြင်း၊ အခွန် ကောက်ခံမှု ဆိုင်ရာ မူဝါဒနဲ့ လုပ်ထုံး လုပ်နည်းများ၊ IMFCCI ဖွဲ့စည်းပုံ နှင့် နိုင်ငံ တကာ ဆက်သွယ် ဆောင်ရွက် မှုများ၊ သစ်သီး ဝလံ အသင်း ဆောင်ရွက်မှုနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်ရဲ့ လုပ်ငန်း ဆောင်ရွက်မှုများ၊ အထူးပြု ကုမ္ပဏီများနဲ့ ကုန်စည်ဒိုင် များအကြောင်း၊ FDA ထောက်ခံချက် အရ စားသောက်ကုန်နဲ့ ဆေးဝါးများ စစ်ဆေးခြင်း ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ဘဏ် လုပ်ငန်း အကြောင်းနဲ့ LC/TT စနစ် အကြောင်း သိကောင်း စရာများ၊ အပင် ပိုးမွှားနဲ့ ပတ်သက်ပြီး ပြဌာန်း ထားတဲ့ ဥပဒေများ နဲ့ ဓာတ်မြေ သြဇာ စစ်ဆေးမှု လုပ်ငန်းများနဲ့ စပ်လျဉ်းပြီး စနေ့ တနင်္ဂနွေ အပါ သင်တန်း ကာလ (၁ဝ) ရက်တာ အတွင်းမှာ ပို့ချ ပေးသွား မှာ ဖြစ်ပါတယ်။

သင်တန်း ဖွင့်ပွဲ အခမ်း အနားကို ကိုျင်းတုံ မြို့နယ် ခယက ဥက္ကဌရုံး မှာ ၂ဝ-၂-၂ဝ၁၃ နေ့ နံနက်ပိုင်း မှာ ကျင်းပခဲ့ပြီး သင်တန်းသား (၄ဝ) ဦး တက်ရောက် ခဲ့ကြပါတယ်။ ထုတ်ကုန် သွင်းကုန် ကုမ္ပဏီများမှ (၉) ဦး၊ ဆန်ကုန် သည်အသင်းမှ (၆) ဦးနဲ့ လုပ်ငန်းရှင် (၂၅) ဦးဖြစ်ပါတယ်။ သင်တန်းကို ကိုျင်းတုံမြို့ အမှတ် (၃) ရပ်ကွက် ဟိုခုံမြို့ပရိယတ္တိ စာသင်တိုက်မှာ ဖွင့်လှစ် ပို့ချတယ်လို့ သတင်း ရရှိ ပါတယ်။

MIRT(DOBT)