တာချီလိတ် နယ်စပ် ကုန်သည်ကြီးများ အသင်း အဌမ အကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကျင်းပ

Thu, 05/16/2013 - 05:11 -- admin

တနင်္လာနေ့ ၂၈ ဇန်နဝါရီလ ၂၀၁၃ 14 :27 PM

တာချီလိတ် နယ်စပ် ကုန်သည်ကြီးများ အသင်းရဲ့ အဌမ အကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးနဲ့ အလုပ် အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် တာချီလိတ်မြို့ရှိ အောင်မြတ် ခန်းမ၌ ကျင်းပခဲ့ ပါတယ်။

အစည်းအဝေးမှာ တာချီလိတ် နယ်စပ် ကုန်သည်ကြီးများ အသင်းရဲ့ အလုပ် အမှုဆောင် အဖွဲ့သစ်များ ရွေးချယ်ခဲ့ရာ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ပါဝင်တဲ့ ဗဟို အလုပ်အမှုဆောင် သစ်များကို ရွေးချယ် တင်မြှောက်ခဲ့ တယ်လို့ သိရှိရပါတယ်-

(၁) ဦးမြင့်ဦး              မြင့်ဦးအောင်ကုမ္ပဏီ                  ဥက္ကဌ

(၂) ဦးဌေးအောင်       ရွှေနန်းတော်ကုန်တိုက်                  ဒုဥက္ကဌ-၁

(၃) ဦးစိုင်းစိုင်း           စိုင်းရွက်ကုမ္ပဏီ                        ဒုဥက္ကဌ-၂

(၄) ဒေါ်နန်းစင်          နေမင်းကုမ္ပဏီ                         အတွင်းရေးမှူး

(၅) ဦးမြင့်ဆွေ          ရတနာဇေယျာကုမ္ပဏီ                တွဲဖက်အတွင်းရေးမှူး

တာချီလိတ် နယ်စပ် ကုန်သည်ကြီးများ အသင်းမှာ အလုပ် အမှုဆောင် (၁၅) ဦး၊ အသင်းသား ဦးရေ (၁ဝ၇)ဦးနှင့် ကုမ္ပဏီ စုစုပေါင်း (၉ဝ)ဖြင့် အသင်းဝင် အင်အား တောင့်တင်းစွာနဲ့ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိကြပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (RUMFCCI)ရဲ့ မူဝါဒ၊ လမ်းညွှန်ချက်များနဲ့ အညီ အသင်း အောင်မြင် တိုးတက်ရေး၊ ရေရှည် တည်တံ့ ခိုင်မြဲရေး တို့အတွက် အလုပ် အမှုဆောင် အဖွဲ့ဝင်များနဲ့ အသင်းသားများမှ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် လျက်ရှိတယ်လို့ သိရှိရပါတယ်။

နိုင်ငံတော်ရဲ့ ဈေးကွက် စီးပွားရေး စနစ် ပီပြင်စွာ ဖြစ်ပေါ်လာစေရေး ဦးတည်ချက်နဲ့ အညီ ပုဂ္ဂလိက စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော်က အားပေး ကူညီ ဆောင်ရွက်ပေး လျက်ရှိသလို တာချီလိတ် နယ်စပ် ကုန်သည် ကြီးများ အသင်းကလည်း ပုဂ္ဂလိက စီးပွားရေး ကဏ္ဍကို ဗဟို အသင်းချုပ်ရဲ့ လမ်းညွှန်မှုကို ခံယူ ကျင့်သုံးပြီး ညီနောင် အသင်းများ ဖြစ်တဲ့ သတ္ထု လုပ်ငန်းရှင်များ အသင်း၊ ရော်ဘာလုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီလုပ်ငန်းရှင်များ အသင်း၊ ဟိုတယ် လုပ်ငန်းရှင်များ အသင်း၊ ကုမ္ပဏီ လုပ်ငန်းရှင်များနဲ့ ကျန်လုပ်ငန်းရှင်များ ပူးပေါင်း ပါဝင်လာ စေရေး စည်းရုံး လက်တွဲ ဆောင်ရွက်လျက်ရှိ နေပါတယ်။

အေးအေး (တာချီလိတ်)