တမူးတွင် ကုန်သွယ်မှု မြှင့်တင်ရေး အတွက်ဆွေးနွေး

Thu, 05/16/2013 - 05:18 -- admin

ဗုဒ္ဓဟူးနေ့ ၃၀ ဇန်နဝါရီလ ၂၀၁၃ 12:32 PM

နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးရုံး တမူးရှိ အစည်း အဝေး ခန်းမတွင် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ အတွက် ကုန်သွယ်မှု မြှင့်တင်ရေး ဆွေးနွေးပွဲအား ၂၄-၁-၂ဝ၁၃ ရက်နေ့ နံနက် ၁ဝးဝဝ နာရီမှ ၁၁း၄၅ နာရီထိ ကျင်းပ ပြုလုပ်ခဲ့ရာ ဌာန ဆိုင်ရာ ၁၃ ဦး၊ လုပ်ငန်းရှင် ၅ဝ ဦး၊ စုစုပေါင်း ၆၃ ဦး တက်ရောက် ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် တမူး နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးဝင်းတင့်မှ ကုန်သည် လုပ်ငန်းရှင်များ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ လုပ်ကိုင်ရာတွင် လုပ်ငန်းများ လျင်မြန် ချောမွေ့ စေရန် အတွက် လိုင်စင်များကို လျင်မြန်အောင် ဆောင်ရွက် ပေးခြင်း၊ လိုင်စင် လာလျှောက် သည်နှင့် ချက်ချင်း ခွင့်ပြု ပေးနိုင်သည့် Automatic License? ရုံးချုပ် တင်ပြပြီး ခွင့်ပြု ပေးသည့် Non-Automatic License နစ်များ ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ကုန်သည်များ ထိုက်သင့်သော အကျိုး အမြတ် ရရှိပြီး လုပ်သာ ကိုင်သာ ရှိစေရန် အတွက်လည်း ပို့ကုန် အခွန်များကို လျော့ထား ပေးပြီး ဖြစ်ကြောင်း၊ သွင်းကုန် ပစ္စည်းများနှင့် ပတ်သက်၍ အခွန်များ ကိုလည်း ပြင်ဆင် လျော့ထား ပေးပြီး ဖြစ်ကြောင်း၊ ယခု တစ်ဖန် တစ်နိုင် တစ်ဆွဲဖြင့် တရားမဝင် ဆောင်ရွက် နေသူများကိုလည်း တရားဝင် ဆောင်ရွက်နိုင်ရန် တစ်ဦး တည်းပိုင် ထုတ်ကုန်/ သွင်းကုန် ကဒ် ITC ကတ်များကို ဆောင်ရွက်ပေး လျက်ရှိကြောင်း ရှင်းလင်း ပြောကြား ပါသည်။ ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် မိမိအကျိုး၊ နိုင်ငံ့ အကျိုးကို ရှေ့ရှုပြီး တရားဝင် လမ်းကြောင်း ပေါ်မှ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုန်သွယ်မှု တိုးတက်ရေး အတွက် ကုန်သည် လုပ်ငန်းရှင်များ ဝန်ဆောင်မှု ပေးသည့် ဌာန ဆိုင်ရာများ၊ ကုန်သည် အသင်းတို့ မှလည်း ဟန်ချက်ညီ ဆောင်ရွက်လျှင် တိုးတက် လာမှာ ဖြစ်ကြောင်း၊ စားသုံးသူ အကာ အကွယ်ပေးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေး အတွက် Mobile Team ဖြင့်လည်း ၂၁-၁ -၂ဝ၁၃ ရက်နေ့မှ စ၍ စစ်ဆေးခြင်း၊ တရားမဝင် သယ်ဆောင်မှုများ၊ ကန့်သတ် ပစ္စည်းများကို သိမ်းဆည်း အရေးယူ ဆောင်ရွက်ခြင်း များ ကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဆွေးနွေး ခဲ့သည်ဟု သတင်း ရရှိပါသည်။

တမူး နယ်စပ် ကုန်သည် အသင်း၊ ဒုတိယ ဥက္ကဌ ဦးဝင်းတင်မှလည်း တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် ကဒ် ITC လုပ်ဆောင်သူများ၊ လက်လုပ် လက်စား ရုံးလုပ်ငန်း မကျွမ်းကျင်သူ အများစု ဖြစ်ခြင်း H.S Code များ ရေးသွင်းမှု နှင့် ပတ်သက်၍လည်း နားလည် တတ်ကျွမ်းမှု မရှိခြင်းများကြောင့် သက်ဆိုင်ရာ ဌာနများမှ စိတ်ရှည်ရှည် ထား၍ ဝိုင်းဝန်း ကူညီ ပေးပါရန် တင်ပြ ဆွေးနွေး ခဲ့သည်ဟု သိရှိ ရပါသည်။

စမ်းစမ်းအေး (တမူး)