ဆဌမအကြိမ် မြန်မာ- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးပူးတွဲကော်မရှင် အစည်းအဝေး ကျင်းပပြီးစီး

Wed, 12/05/2012 - 00:00 -- Anonymous (not verified)

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်ရေးပူးတွဲကော်မရှင်ကို ၂၀၀၃ ခုနှစ်တွင် စတင်ဖွဲ့စည်းကာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးများကို အပြန်အလှန် တစ်လှည့်စီ အိမ်ရှင်အဖြစ် လက်ခံကျင်းပကာ ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၁၁ ခုနှစ်အထိ ပဉ္စမ အကြိမ်တိုင် အစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ယခုဆဌမအကြိမ် မြန်မာ - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးပူးတွဲကော်မရှင် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြိ့ုတွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ သွားရောက်၍ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Ghulam Muhammed Quader အား ဂါရဝပြု တွေ့ဆုံကာ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

(က) နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း(၅၀၀) ပြည့်မီရေး ရည်မှန်းဆောင်ရွက်လျှက်ရှိရာ ဖြစ်နိုင်မည့်နည်းလမ်းများကို ရှာဖွေ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊

(ခ) နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံနယ်စပ်များတွင် လက်ကားဈေး များကို နယ်မြေအေးချမ်းချိန်နှင့် နှစ်ဘက်အဆင်ပြေမည့် အချိန်များတွင် ဖွင့်လှစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊

(ဂ) နှစ်ဘက်ကုန်စည်ပြပွဲများတွင် ပါဝင်ပြသကြရန်၊ ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေးအတွက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အရာရှိများအကြား(၂)လ တစ်ကြိမ်အစည်းအဝေး ကျင်းပပြုလုပ်ရန်နှင့် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရန်ဖြစ်ကြောင်း၊

(ဃ) မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ဆားတန်ချိန် (၅၀၀၀၀)တင်ပို့လိုကြောင်းနှင့် ဆား တင်သွင်းမှုအပေါ်တွင် ကောက်ခံသည့် အခွန်နှုန်းထားများကို လျော့ချပေးရန် မေတ္တာရပ်ခံကြောင်း၊

(င) ဘင်္ဂလားဒေ့ရှ်အလုပ်သမားများကို အသုံးပြု၍ မြန်မာနိုင်ငံ၏မြေတွင် စိုက်ပိုျး ထုတ်လုပ်ပြီး၊ ထွက်ရှိလာသည့် သီးနံှများကို ဘင်္ဂလားဒေ့ရု်နိုင်ငံသို့ ပြန်လည် ဝယ်ယူတင်ပို့လိုပါကြောင်း ဘင်္ဂလားဒေ့ရု်ဖက်မှ တင်ပြချက်အပေါ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ဥပဒေအရ ကျွမ်းကျင်သူနှင့် ပညာရှင်များကို နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုလုပ်ငန်းများတွင် ခန့်အပ်ဆောင်ရွက်ရန် ခွင့်ပြုထားကြောင်း၊ သို့သော် ပြည်ပအလုပ်သမားများ မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင် ခြင်းကို ခွင့်ပြုခြင်းမရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရင်းနှီးမြှုပ်နံှမှုဥပဒေ နှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရင်းနှီးမြှုပ်နံှသူများသည် မြန်မာနိုင်ငံတွင် Contract Firming ကို လာရောက် ဆောင်ရွက်နိုင်ပါကြောင်း၊

(စ) ဘဂင်0x081လားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှဆန်များကို အစိုးရနှင့် ပုဂလိက တို့အကြား ဝယ်ယူ ဆောင်ရွက်လိုပါက နားလည်မှုစာချွန်လွှာ (မူကြမ်း)ကို ပြန်လည်ပြင်ဆင်ရေးဆွဲ၍ ပေးပို့ပေးရန်လိုအပ်ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင် ရွက်မည်ဖြစ်ပါကြောင်း၊

(ဆ) မွေးမြူရေးနှင့် ရေလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ(မူကြမ်း)ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့ထားခြင်းအပေါ် ယင်းမှာ အတွေ့အကြုံအသစ်ဖြစ်နေသဖြင့် လေ့လာသုံးသပ်ရန် အချိန်လိုအပ် ကြောင်း၊

(ဇ) မြန်မာ့ငါးများ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရာတွင် အရည်အသွေးထိန်းသိမ်း၍တင် ပို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဖက်၌ ကုန်ပစ္စည်းချယူမှုနှင့် သယ်ယူပို့ဆောင်မှုတို့ တွင်နှောင့်နှေးနေသဖြင့် အရည်အသွေး ကျဆင်းရကြောင်း၊ သို့ပါ၍ စစ်တကောင်းဆိပ်ကမ်းတွင် ကုန်ချခွင့်ပြုပါရန် မေတ္တာရပ်ခံကြောင်း မြန်မာဘက်မှ တင်ပြချက်အပေါ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ကမ်းရိုးတန်းနှင့် ပင်လယ်ရေကြောင်း သင်္ဘောများ ပြေးဆွဲရေးဆိုင်ရာ စံလုပ်ထုံးလုပ်နည်းကို လက်မှတ်ရေးထိုးပြီးပါက မြန်မာနိုင်ငံမှ ကုန်များကို ပိုမို လက်ခံဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါကြောင်း၊

(ဈ) ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ လေကြောင်းပံျသန်းရေးဆိုင်ရာ သဘောတူညီချက် (မူကြမ်း)အတွက် နှစ်ဘက်ပြည်တွင်း လုပ်ထုံးလုပ်နည်းများပြီးစီးပြီ ဖြစ်သဖြင့် လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊

(ည) “ပင်လယ်ရေကြောင်းနှင့် ကမ်းရိုးတန်းသွား သင်္ဘောများဆိုင်ရာ စံလုပ်ထုံး လုပ်နည်း (SOP)(မူကြမ်း)”ကို လက်မှတ်မရေးထိုးမီ ဆိပ်ကမ်းများ စစ်ဆေး ခြင်းကို ဆောင်ရွက်ရန်လိုအပ်သဖြင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့အား လာမည့် နှစ် ဇန်နဝါရီလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ် ထားပါကြောင်း၊

(ဋ) အာရှငွေစာရင်း ရှင်းလင်းရေး သမ္မဂ၏ ယန္တတရား လုပ်ငန်းစဉ်(ACU mechanism) ကို နှစ်ဘက်လုပ်ငန်းရှင်များ အသုံးပြုရေး တွန်းအားပေး လှုံ့ဆော်သွားရန် လိုအပ်ကြောင်း၊

(ဌ) ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ရေအားလျှပ်စစ်ဝယ်ယူတင်သွင်း လိုခြင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းတွင် လျှပ်စစ် ဓါတ်အား လိုအပ်ချက် မြင့်မားမှုကြောင့် လက်ရှိအခြေအနေတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လျှပ်စစ်ဓါတ်အားတင်ပို့နိုင်သည့် အခြေအနေမရှိသေးကြောင်း၊

(ဍ) ဘင်္ဂလားဒေ့ရှ်ဘက်မှ ရေနံနှင့် သဘာဝဓါတ်ငွေ့တွင် ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊

(ဎ) နယ်စပ်ဒေသ၌ အအေးခန်းနှင့် အထောက်အကူပြုပစ္စည်းများ တည်ထောင်ရေး နှင့် ပတ်သက်၍ ရှေ့ဆက်လက် ဆောင်ရွက်ရေးကို တွန်းအားပေးသွားရန် လိုအပ်ကြောင်း၊

(ဏ) မြန်မာ့ပို့ကုန်များအတွက် ဆိပ်ကမ်းများအသုံးပြုခွင့်ပြုရန်၊ မြန်မာလှေများ ကုန်တင်/ကုန်ချ လုပ်ငန်းများ ဆောင်ရွက်နေချိန်အတွင်း လိုအပ်သောအစား အသောက်၊ လောင်စာဆီနှင့် သောက်ရေသန့်များ ဝယ်ယူခွင့်ပြုရန်နှင့် မြန်မာ သင်္ဘောသားများ၏ လုံခြုံ ရေးကိုတာဝန်ယူ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ထို့အပြင်ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ အနေဖြင့် ကုန်ပစ္စည်းများ လက်ခံချယူရာတွင် ကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်ရေး ကူညီပေးရန် လိုအပ်ကြောင်း၊

(တ) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးအနေဖြင့် အခွန်အခများ မြင့်မားမှုကို အကြောင်းပြ၍ မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်နှင့် ခုျပ်ဆိုထားသော စာခုျပ်အပေါ် လေးစားလိုက်နာရန် ပျက်ကွက်နေခြင်းအပေါ် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကြားဝင်ဖြန်ဖြေပေးရန်လိုအပ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံမှ အဖွဲ့အစည်းများအကြား အငြင်းပွားမှုများကို ဖြေရှင်းရန် ခုံသမာဓိဖြင့် ဆုံးဖြတ်သောစနစ်တစ်ခု ဖြစ်ပေါ်လာစေရေး ဖြစ်နိုင်ခြေအလား အလာများ စူးစမ်းရှာဖွေရန်လိုအပ်ကြောင်း၊

(ထ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရင်းနှီးမြှုပ်နံှမှု သဘောတူညီချက် ရေးထိုးနိုင်ရေး ဖြစ်နိုင်ချေ အလားအလာများ စူးစမ်းရှာဖွေဆောင်ရွက်သင့်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် သတ္တမအကြိမ် ကုန်သွယ်ရေးပူးတွဲကော်မရှင် အစည်းအဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း နှစ်ဖက်ညှိနှိုင်း ကျင်းပရန် သဘောတူညီ ခဲ့ပါသည်။