စီးပွားဖြစ် ထုတ်ကုန် လုပ်ငန်းများ ထူထောင်၍ ဒေသခံ ပြည်သူများ၏ အလုပ် အကိုင် အခွင့်အလမ်းများ၊ လူမှုစီးပွားရေး အခြေအနေများ တိုးတက်ကောင်းမွန် စေရန် ပြုလုပ်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ

Thu, 05/16/2013 - 04:47 -- admin

ဗုဒ္ဓဟူးနေ့။ ၁၆  ဇန်နဝါရီလ ၂၀၁၃ 17:45 PM

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် စတင်ခဲ့ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွန်း တို့မှ ဦးဆောင်၍ ဌာဆိုင်ရာ အစိုးရ အဖွဲ့များ၊ ကုန်သည် လုပ်ငန်းရှင်များ ရှမ်းပြည်နယ် ဒေသရှိ ပြည်သူများ အပါဝင် တက်ရောက် ဆွေးနွေးခဲ့ပါသည်။

၎င်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးနှင့် ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူးနှင့် ညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြပြီး ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်သွယ်မှု လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ မြို့ပြ ကျေးလက် ဒေသများ တန်းတူ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး၊ အင်းလေးကန် ဒေသ စိမ်းလန်း စိုပြေရေး စသည့် တို့ကို ညှိနှိုင်း ဆွေးနွေး ကြပါသည်။ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် ကုန်သည် လုပ်ငန်းရှင် များနှင့် ဒေသခံ ပြည်သူ လူထုတို့မှ ကုန်သွယ်မှု နှင့် ပတ်သက်သည့် သိရှိလိုသည် များကို မေးမြန်းကြရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ချုပ်တို့မှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား ညနေ ၄:၃၀ တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။

itadmin (စရအ- နယ်စပ်/ဦးစီး)