ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး ကုန်သည်ကြီးများ အဖွဲ့ဝင်များ ဆွေးနွေး

Thu, 05/16/2013 - 05:22 -- admin

တနင်္လာနေ့ ၄ ဖေဖော်ဝါရီလ ၂၀၁၃ 13:48 PM

အသင်းအဖွဲ့ မှတ်ပုံတင် စည်းမျဉ်း ဥပဒေနဲ့ အညီ တရားဝင် မှတ်ပုံတင် အသင်း အဖြစ် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ဆဲ ဖြစ်တဲ့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး ကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပွဲကို ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်း အစည်း အဝေးခန်းမမှာ ၃၁-၁-၂ဝ၁၃ နေ့ ဝ၁းဝဝ ချိန်မှာ ကျင်းပခဲ့ တယ်လို့ သတင်း ရရှိပါတယ်။ အဲဒီ အစည်းအဝေးမှာ အသင်းကြီး အမြန်ဆုံး တရားဝင် ဖွဲ့စည်း ဆောင်ရွက်မှု လုပ်ငန်းများ ပြီးစီးရေး၊ အသင်းကြီးရဲ့ ယာယီ အလုပ် အမှုဆောင် ကော်မတီဝင်များ ပြန်လည် ရွေးချယ်ရေး၊ မိမိနိုင်ငံနဲ့ တစ်ဖက် နိုင်ငံတို့ ကုန်သွယ်မှု ပြုရာမှာ တွေ့ကြုံနေရတဲ့ အခက်အခဲများကို ဒေသ ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာ များနဲ့ အမြန်ဆုံး တွေ့ဆုံ ညှိနှိုင်းပြီး ကုန်သွယ်မှု ပမာဏ တိုးတက်ရေးနဲ့ ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေး တို့အတွက် ဆောင်ရွက်ရန် ရှိသည်များ ဆောင်ရွက်ကြရန် အသင်း တာဝန်ရှိ သူများမှ ညှိနှိုင်း ဆွေးနွေး ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

နကသ (ကပတ)